AYA Tri Nation Cup 2026 အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်မည်
ရန်ကုန် မေ ၂၁
AYA Tri Nation Cup 2026 အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို ဇွန် ၃ ရက် မှ ၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ အာဆီယံထိပ်သီး ထိုင်းအသင်း၊ ခြေစွမ်းပိုင်း တိုးတက်လာသည့် အရှေ့အလယ်ပိုင်းအသင်းဖြစ်သော ဥဇဘက်ကစ္စတန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ရည်ရွယ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး သုံးသင်းပတ်လည်စနစ်ဖြင့် ကျင်းပကာ အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ဇွန် ၃ ရက်တွင် မြန်မာအသင်းနှင့် ဥဇဘက်ကစ္စတန်အသင်း၊ ဇွန် ၆ ရက်တွင် ဥဇဘက်ကစ္စတန်အသင်းနှင့် ထိုင်းအသင်း၊ ဇွန် ၉ ရက်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲအားလုံးကို ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် AYA Bank က Title Sponsor အဖြစ် ပံ့ပိုးကူညီပေးထားပြီး အခမဲ့ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သလို ကြိုတင်လက်မှတ်ရောင်းချ မည့်အစီအစဉ်ကို မကြာမီထုတ်ပြန်မည်ဖြစ်သည်။
သတင်း-ကိုညီလေး၊
ဓာတ်ပုံ-စိုးညွန့်သော်
MDN
