နယူးဇီလန်နိုင်ငံ၏ နိုင်ငံခြား ပို့ကုန်တင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံရှိ

News Image

  • နယူးဇီလန်နိုင်ငံ၏ နိုင်ငံခြား ပို့ကုန်တင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံရှိ

ဝယ်လ်လင်တန် မေ ၂၁

 

နယူးဇီလန်နိုင်ငံသည် ဧပြီလအတွင်း နိုင်ငံခြားကုန်တင်ပို့မှု စုစုပေါင်းမှာ နယူးဇီလန် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံရှိရာ ယမန်နှစ် ကထက် ၁၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ အဓိကတင်ပို့သည့် ပစ္စည်းများမှာ အသား၊ နို့ထွက်ပစ္စည်း၊ ရွှေနှင့် ရေနံစိမ်းတို့ဖြစ်ကြောင်း တရားဝင် အချက်အလက် အေဂျင်စီက မေ ၂၁ ရက်တွင် ဖော်ပြထားသည်။

 

နယူးဇီလန်နိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း နယူးဇီလန် ဒေါ်လာ ၉၄၃ သန်းအထိ တိုးလာကြောင်း တရားဝင်အချက်အလက် အေဂျင်စီဖြစ်သည့် Stats NZ က ပြောကြားသည်။

 

အမဲသားနှင့် သိုးသားတို့၏ အဓိကတင်ပို့မှုကြောင့် အသားတင်ပို့မှုမှာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း နယူးဇီလန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိရာ ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်းဌာနက ပြောကြားသည်။

 

အလားတူ နို့မုန့်၊ ထောပတ်နှင့် ဒိန်ခဲအပါအဝင် နို့ထွက်ပစ္စည်း တင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၂ ဒသမ ၃ ဘီလံယံရှိရာ ၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရွှေတင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၂၆၂ သန်း ရှိရာ ၁၄၅ ရာခိုင်နှုန်းတိုးလာပြီး ရေနံစိမ်းတင်ပို့မှုမှာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း နယူးဇီလန်ဒေါ်လာ ၁၅၁ သန်းရှိရာ ယမန်နှစ်ကထက် ၃၈၈ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

 

ဆင်ဟွာ