ဘရာဇီးနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှု အမြင့်ဆုံးပမာဏအဖြစ် စံချိန်တင်

News Image

  • ဘရာဇီးနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှု အမြင့်ဆုံးပမာဏအဖြစ် စံချိန်တင်

ရီယိုဒီဂျနေးယိုး မေ ၂၂

ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သည့် ဘရာဇီးနိုင်ငံသည် ရာသီဥတု ကောင်းမွန်ခြင်းနှင့် စိုက်ပျိုးဧရိယာတိုးချဲ့ခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်အတွင်း ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစံချိန်တင်ရန် ခန့်မှန်းထားကြောင်း နိုင်ငံပိုင်အမျိုးသားထောက်ပံ့ရေးကုမ္ပဏီ(CONAB) က မေ ၂၁ ရက်တွင် ပြောကြားသည်။

 

လက်ရှိရာသီစက်ဝန်းတွင် ဘရာဇီးနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် ၆၀ ကီလိုဂရမ်အိတ် ၆၆ ဒသမ ၇ သန်း ရရှိနိုင်ကာ ယခင်ကော်ဖီရိတ်သိမ်းသည့် ကာလကထက် ၁၈ ရာခိုင်နှုန်းတိုးလာပြီး အမြင့်ဆုံး ပမာဏအဖြစ် စံချိန်တင်ကြောင်း သိရသည်။

 

 

 

ကမ္ဘာ့ထိပ်တန်း ကော်ဖီပေးသွင်းသူအဖြစ် တည်ရှိနေဆဲဖြစ်သည့် ဘရာဇီးနိုင်ငံသည် စိုက်ပျိုးရေး ဆိုင်ရာ ကုန်ထုတ်စွမ်းအားများ ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံတကာဈေးကွက်အတွင်း ဘရာဇီးနိုင်ငံ၏ ခိုင်မာသည့် အနေအထားကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်လာခြင်း ဖြစ်ကြောင်း သိရသည်။

 

 

 

ဆင်ဟွာ

MDN