ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မတူညီသည့်ကလပ်အသင်းနှစ်သင်းနှင့် ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် ကိုင်ဟာဗက် မှတ်တမ်းဝင်

News Image

  • ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မတူညီသည့်ကလပ်အသင်းနှစ်သင်းနှင့် ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် ကိုင်ဟာဗက် မှတ်တမ်းဝင်

လန်ဒန်၊ မေ ၃၁

အာဆင်နယ်အသင်း တိုက်စစ်ကစားသမား ကိုင်ဟာဗက်သည် ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့၏ ပွဲစဉ်၌ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲတွင် မတူညီသည့် ကလပ်အသင်းနှစ်သင်းနှင့် ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အဆိုပါပွဲတွင် အာဆင်နယ်အသင်းသည် ပီအက်စ်ဂျီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ပွဲချိန် ၆ မိနစ်တွင် ကိုင်ဟာဗက်သည် ပီအက်စ်ဂျီကစားသမားများ၏ ဖျက်ထုတ်မှုအမှားမှ ရရှိသည့်ဘောလုံးကို တစ်ကိုယ်တော်ပြေးဆွဲ၍ လှပစွာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုင်ဟာဗက်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့နှင့်အတူ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မတူညီသည့် ကလပ်အသင်းနှစ်သင်းနှင့် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် သမိုင်းဝင်ခဲ့ခြင်းဖြစ်သည်။

ယခင်က အဆိုပါမှတ်တမ်းကို စီရော်နယ်ဒိုက မန်ယူနှင့် ရီးယဲလ်မက်ဒရစ်အသင်းများနှင့်လည်းကောင်း၊ မန်ဇူကစ်က ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများနှင့်လည်းကောင်း ရရှိထားခဲ့သည်။

ထို့အပြင် ကိုင်ဟာဗက်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မတူညီသည့် အင်္ဂလန်ကလပ်အသင်းနှစ်သင်းနှင့် ပွဲထွက်ကစားခွင့်ရရှိသည့် ဒုတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ယခင်က အက်ရှ်လေကိုးလ်သည် ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့နှင့်အတူ ယင်းကဲ့သို့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref: TNT Football

MWD