၂ဝ၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲကျင်းပ

News Image

  • ၂ဝ၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲကျင်းပ

ရန်ကုန်   ဇွန်   ၃                       

     ၂ဝ၂၆ ခုနှစ်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက် သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး  ပြိုင်ပွဲဝင် အားကစားသမားများအား  လက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ဘတ်စကက်ဘောပြိုင်ပွဲ ပွဲစဉ်များကို စတင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။  ၂ဝ၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် အားကစားသမား ၁၉၆ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန်လ ၃ ရက် မှ ၉ ရက်အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

MWD