အမေရိကန်ကြည်းတပ်က မြို့တော်နယ်မြေဒေသအတွင်း အကြီးစားဒရုန်းစစ်ဆင်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့

အမေရိကန်ကြည်းတပ်သည် မြို့တော်နယ်မြေဒေသအတွင်း မောင်းသူမဲ့ လေယာဉ်များ ရှာဖွေထောက်လှမ်းရေးနှင့် တန်ပြန်တိုက်ဖျက်ရေးအတွက် ပင်တဂွန် စစ်ဌာနချုပ်၏ စွမ်းဆောင်ရည်များ ခိုင်မာ အားကောင်းစေရန် အကြီးစားဒရုန်း စစ်ဆင်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း The Defense Post သတင်းဌာနက ဒီဇင်ဘာ ၉ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

ဤစစ်ဆင်ရေးလေ့ကျင့်မှုမှ တွေ့ရှိချက်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် မေလကြား ပြုလုပ်ရန်စီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုကြီးတွင် ထပ်မံ ပြင်ဆင်၊ ထည့်သွင်း၊ အသုံးပြုသွားမည် ဖြစ်ပြီး သီးခြားစစ်ရေးလေ့ကျင့်မှုနေရာများလည်း ထပ်မံပါဝင်လာမည်ဟု မျှော် မှန်းထားကြသည်။

ရည်ရွယ်ချက်မှာ ဒရုန်းရန်ကာကွယ် ရေးများတွင် ဖြစ်ပေါ်နေဆဲ ဟာကွက်၊ ပျော့ကွက်များကို တိကျစွာ ဖော်ထုတ်နိုင် ရန်နှင့် အနီးအနားဝန်းကျင်ရှိ တပ်စခန်း အသီးသီးတွင် အဆိုပါသင်ခန်းစာ ဖော်ထုတ်ချက်များအတိုင်း လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန်ဖြစ်သည်။

စီမံကိန်းရေးဆွဲသူများသည် လေ ကြောင်းအခြေအနေ ကြိုတင်သတိပေး နိုင်မှုစွမ်းရည်များ တိုးတက်မြင့်မား ကောင်းမွန်စေရန် ရည်ရွယ်ထားသည်။ မြို့တော်ဝါရှင်တန်ဒီစီနှင့် အမေရိကန် တစ်လွှားနေရာဒေသများ တစ်လျှောက် တွင် ဒရုန်းပျံသန်းဝင်ရောက်လာမှုများကို တိတိကျကျ၊ လျင်လျင်မြန်မြန် ထောက် လှမ်းနိုင်စွမ်းရှိစေရန်လည်းဖြစ်သည်။

ဤစစ်ရေးလေ့ကျင့်မှုသည် အမေ ရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဒရုန်းရန်ကာကွယ်ရေးကို အာရုံစိုက်ကြရန် ဇွန်လတွင် ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပြီးနောက် ပေါ်ပေါက် လာခြင်းလည်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုကို စီစဉ်ရာတွင် ဝါရှင်တန်စစ်ဒေသခရိုင် ပူးပေါင်းစစ်ဆင် ရေးတပ်ဖွဲ့ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြား ရေးမှူး ဒုတိယဗိုလ်မှူးကြီး Jesse Bur-nette၊ မစ်ရှင်အာမခံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး Brian Reynolds တို့က ဦးဆောင်ခဲ့ကြပြီး ဝါရှင်တန်စစ် ဒေသခရိုင်အတွင်း၌ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ အထောက်အကူပြု တပ်ဖွဲ့များတွင် လေတပ်၊ ရေတပ်၊ မရိန်းတပ်ဖွဲ့များ၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဒေသန္တရ ရဲတပ်ဖွဲ့တို့ပါဝင်ခဲ့ကြသည်။

လေ့ကျင့်မှုများအတွင်း ဒရုန်းမောင်း နှင်သူများသည် Fort McNair တပ်မြို့နှင့် အမျိုးသားစစ်ကောလိပ် အနီးတစ်ဝိုက် နေရာများစွာမှ ဒရုန်းများ စေလွှတ်ပျံသန်း ခဲ့ကြပြီး အတွင်းလူပါဝင်ပတ်သက်မှုများ အပါအဝင် မတူညီသော ခြိမ်းခြောက်မှု အခြေအနေအရပ်ရပ်မျိုး သဏ္ဌာန်တူ ဖန်တီးလုပ်ဆောင်ခဲ့ကြသည်။

ပြင်ပမှကျူးကျော်ဝင်ရောက်လာသည့် ပုံစံမျိုးကို သရုပ်တူပြုလုပ်ရန်အတွက် Potomac မြစ်နှင့် Hains Point ကျွန်းဆွယ်ကို ဒရုန်းများ စေလွှတ်ပျံတက်ခိုင်းရန်နေရာအဖြစ် ထပ်မံသတ်မှတ်ခဲ့သည်။

ဤစစ်ဆင်ရေးလေ့ကျင့်မှုတွင် အော်ပရေတာများသည် ဒရုန်းများ၏ ပျံဝဲနိုင်စွမ်း၊ လှုပ်ရှားစစ်ကစားနိုင်စွမ်းနှင့် နေ့အလင်းရောင်အတွင်း ကန့်သတ်ထားသော ဧရိယာများအတွင်းသို့ အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်နိုင်စွမ်းတို့ကို စမ်းသပ်ခဲ့ကြကြောင်း သိရသည်။

US Army Stages Large-Scale Drill to Boost Drone Detection in Washington ကို ဘာသာပြန်ဆိုထားပါသည်။ 

YDNP

Subject-Image

  • အမေရိကန်ကြည်းတပ်က မြို့တော်နယ်မြေဒေသအတွင်း အကြီးစားဒရုန်းစစ်ဆင်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့

Posted-Date