ဆေးဖက်ဝင် သံပရာသီး

Posted_Date

Image

ဆေးဖက်ဝင် သံပရာသီး

Body

သံပရာသီးသည် ဗီတာမင်- အလွန်ကြွယ်ဝပြီး အရည်ရွှမ်းသည့်အသီးဖြစ်ကာ အင်္ဂလိပ်လို Lime ဟု ခေါ်ပြီး Rutaceae မျိုးရင်းဝင်ဖြစ်ကာ ရုက္ခဗေဒအားဖြင့်  Citrus Aurantifolla Linn var acida ဟုခေါ် သည်။ အသီးအရွက်သုပ်စားသည့်အခါ သံပရာသီးကို အရည်ညှစ်၍ ထည့်စားလေ့ရှိသည်။ သံပရာသီး၏ အမွှေးနံ့ကလည်း  အနံ့အသက်များကိုထိန်းပေးပြီး ခေါင်းမူးသည့်အခါတွင်ဖြစ်စေ သို့မဟုတ် အအီစာ များစားပြီးသည့်အခါတွင်ဖြစ်စေ       သံပရာရည် သောက်လိုက်လျှင် ကြည်လင်လန်းဆန်းစေပြီး ခရီး သွားသည့်အခါ     သံပရာသီးဆောင်သွားခြင်းဖြင့် ခေါင်းမူးခေါင်းကိုက ်ဝေဒနာများကို သက်သာစေနိုင်သည်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသော သံပရာသီး

ဓာတ်တိုးပစ္စည်းများပြားခြင်းသည် ဆဲလ်များကိုပျက်စီးစေနိုင်သကဲ့သို့ နှလုံးရောဂါ၊ ဆီးချိုနှင့် ကင်ဆာ ရောဂါကဲ့သို့ နာတာရှည်ရောဂါများကိုဖြစ်စေနိုင်သောကြောင့် ဓာတ်တိုးပစ္စည်းကြွယ်ဝစွာပါဝင်သော သံပရာ သီးသည် ဆဲလ်များကို ထိခိုက်ပျက်စီးခြင်းမဖြစ်စေရန် အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်။

ကိုယ်ခံအားကောင်းစေနိုင်သောသံပရာသီး

    သံပရာသီးတွင် များပြားစွာပါဝင်သော ဗီတာမင် - သည်  သွေးဖြူဥဆဲလ်ထွက်ရှိမှုကို   တိုးစေရန် ကာကွယ်ပေးပြီး  ခန္ဓာကိုယ်တွင်း  ရောဂါပိုးများဝင် ရောက်ကူးစက်ခြင်းမျိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည်။  ဗီတာမင် -က အနာကျက် မြန်စေသကဲ့သို့ ရောင်ရမ်းမှုကိုလည်း သက်သာစေပြီး ကော်လာဂျင်ထွက်ရှိမှုကို  လှုံ့ဆော်ပေးကာ  ဆဲလ် များကို ဓာတ်တိုးပစ္စည်းများကြောင့် ထိခိုက်ခြင်းမဖြစ် စေရန် အကောင်းဆုံးကာကွယ်ပေး၍ ကိုယ်ခံအား ကို မြှင့်တင်ပေးသည်။ သံပရာသီးသည် ဗီတာမင်-ချို့တဲ့မှုကြောင့်ဖြစ်သော စကာဗီဟုခေါ်သည့်ရောဂါ ကို ကုသပေးနိုင်သောကြောင့် သာမန်အအေးမိဝေဒနာများ၊  မကြာခဏဖျားနာသူများ တွေ့ကြုံနေရသော နှုတ်ခမ်းကွဲ၊ကျီးကန်းပါးစပ်အနာ၊ လျှာနှင့်ခံတွင်း ၌ အနာလေးများပေါက်ပါက သံပရာသီးစားပေးသင့် သည်။

အရေပြားကျန်းမာစေသော သံပရာသီး

     ဆေးဖက်ဝင်သံပရာသီးကို အရည်ဖျော်၍ သောက်နိုင်ပြီး အရေပြားတွင်လည်း နည်းအမျိုးမျိုးဖြင့် အသုံး ပြုနိုင်သည်။ ဗီတာမင်-ကြောင့် ရောဂါကူးစက်ခံ ရမှုကို ကာကွယ်ပေးနိုင်သည်။ သံပရာသီးတွင် ဗီတာ မင်-ပါဝင်မှုကြောင့် ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး အရေးအကြောင်းဖြစ်ခြင်းကို လျော့ပါးစေကာ အသားအရေခြောက်သွေ့မှုကင်းပြီး အရေပြားပြဿနာကင်းဝေးစေသည်။ အသက်အရွယ် ကြောင့်ဖြစ်သည့်  အရေပြားပြဿနာများကို  အထိ ရောက်ဆုံး ကာကွယ်ပေးသောကြောင့် သံပရာသီးက အသားအရေကို ကျန်းမာလှပစေရန် အကောင်းဆုံးအားဖြည့်ပေးသည်။

ကိုယ်အလေးချိန်လျှော့ချနိုင်သော သံပရာသီး

    သံပရာသီးတစ်လုံးထည့်ပြီး နှပ်ထားသောရေနွေးသည် ကိုယ်အလေးချိန်လျှော့ချရာတွင် အကောင်း ဆုံးနည်းလမ်းဖြစ်ပြီး ခေါင်းကိုကြည်လင်လန်းဆန်းစေသည်။ တစ်ရက်လျှင် သံပရာသီး ရေနွေးနှစ်ခွက်သောက်ခြင်းဖြင့်  တစ်ပတ်အတွင်း  သိသာထင်ရှားသည့်ရလဒ်ကို ရရှိနိုင်သည်။

နှလုံးရောဂါကို ကာကွယ်ပေးသောသံပရာသီး

     ဗီတာမင်-C ကြွယ်ဝသည့် သံပရာသီးက သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး ကမ္ဘာပေါ်၌ သေဆုံးမှုအများ ဆုံးဖြစ်သည့် နှလုံးရောဂါမဖြစ်စေရန် ကာကွယ်ပေး သောကြောင့် နှလုံးရောဂါမဖြစ်လိုပါက သံပရာသီး စားပေးရန်လိုအပ်သည်။ သံပရာသီးသည် သွေးကြော များတွင် အဆီစုပုံခြင်းမဖြစ်စေရန်နှင့် နှလုံးသွေးကြော ကျဉ်းမှုမဖြစ်စေရန် ကာကွယ်ပေးသည်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်သည့်   အမျှင်ဓာတ် ကြောင့်  သွေးဖိအားကိုကျစေပြီး  ကိုလက်စထရော များကို ဖယ်ရှားပေးနိုင်သည့်အပြင် သွေးကြောရောင် ရမ်းမှုများကိုလျော့ပါးစေသဖြင့် နှလုံးရောဂါ၊ နှလုံး လုပ်ဆောင်ချက် ရုတ်တရက်ရပ်ဆိုင်းခြင်းနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။

အသက်ရှူလမ်းကြောင်းရောဂါများ သက်သာစေသော သံပရာသီး

     Flavonoid  ဓာတ်ကြွယ်ဝသည့် သံပရာအဆီကို ပရုတ်ဆီ၊ Inhaler ရှူဆေး စသည့် သလိပ်ပျော်၊ ချွဲ ကြေစေသည့် ‌သောက်သုံးရန်မဟုတ်သော ဆေးဝါး များတွင် အသုံးပြုကြသည်။ သံပရာခွံကို ခြစ်ပြီးရှူရုံ ဖြင့်   ရင်ကျပ်နှင့် မအီမသာဖြစ်ခြင်းကို  ချက်ချင်း သက်သာပျောက်ကင်းစေနိုင်သည်။

ဝမ်းချုပ်ခြင်းကိုသက်သာစေသော သံပရာသီး

      သံပရာသီးတွင်ပါဝင်သည့်  အက်စစ်ဓာတ်သည် အစာခြေလမ်းကြောင်းကို သန့်ရှင်းစေရန် အထောက် အကူပြုသည့်အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာ စေသည်။ သဘာဝဝမ်းနုတ်ဆေးအဖြစ် သံပရာရည် ကို ဆားခတ်ပြီး သောက်နိုင်သည်။

ဆီးချိုသွေးချိုအတွက် သင့်လျော်သော သံပရာသီး

    သံပရာသီးအပါအဝင် အချဉ်သီးများသည် ဆီးချို သွေးချိုဝေဒနာရှင်များအတွက်    အလွန်သင့်လျော် သော အသီးအနှံဖြစ်သည်ဟု အမေရိကန်ဆီးချိုသွေးချိုဆိုင်ရာ အဖွဲ့ကြီးမှဆိုသည်။

ဆီးလမ်းကြောင်းဆိုင်ရာကိစ္စများကို ကုသပေးနိုင်သော သံပရာသီး

     ကျောက်ကပ်နှင့်ဆီးအိမ်အတွင်း    စုပုံနေသည့် အဆိပ်အတောက်ဓာတ်များကိုဖယ်ရှားရာတွင် ထိရောက်သည့်အာနိသင်ရှိသည်။ ရောဂါပိုးများကိုသေစေနိုင်သည့်အစွမ်းကြောင့်လည်း ဆီးလမ်းကြောင်း တွင်ပိုးဝင်ခြင်းကို ကုသပေးနိုင်သည်။ ထို့ပြင် အမျိုး သားများတွင်အဖြစ်များသည့်   ဆီးကျိတ်ဖြစ်ပေါ်မှု ကိုတားဆီးပေးသည်။

ဂေါက်ရောဂါကို သက်သာစေသော သံပရာသီး

     သံပရာသီးတွင်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အဆိပ်အတောက်များ ဖယ်ရှားရေးဓာတ်များ ဖြစ်သည့် ဗီတာမင်-နှင့် Flavonoid ဓာတ်များ ပါဝင်သော ကြောင့် ဂေါက်ရောဂါဖြစ်ခြင်း၏ အဓိကအချက်နှစ်ခု ဖြစ်သည့် ခန္ဓာကိုယ်တွင်း၌ Free Radicals များနေမှုနှင့် ယူရစ်အက်စစ်အပါအဝင် တခြားအဆိပ် အတောက်ဓာတ် များပြားနေမှုတို့ကို   ဖယ်ရှားပေး နိုင်သည်။ 

ယူရစ်အက်စစ်ကို ဖယ်ရှားပေးနိုင်သော သံပရာသီး

    အဆစ်နာဖြစ်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုမှာ    ခန္ဓာကိုယ်ထဲမှ    ဆီးနှင့်အတူစွန့်ထုတ် ဖယ်ရှားသင့်သည့်အရာများထဲတွင်ပါဝင်သည့် ယူရစ်အက်စစ်များ ခန္ဓာကိုယ်တွင်း၌ များနေသောကြောင့် ဖြစ်သည်။ သံပရာသီးတွင်ပါဝင်သည့်  Citric  Acid သည် ယူရစ်အက်စစ်များပျော်ဝင်နိုင်သည့် ပျော်ရည် တစ်မျိုးဖြစ်ပြီး ယူရစ်အက်စစ်များကို  ဆီးနှင့်အတူပို၍စွန့်ထုတ်နိုင်စေသည်။  သံပရာသီးတွင် Citric Acid ပါဝင်မှုကြောင့် ကျောက်ကပ်ကျောက်မတည် စေရန် အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည်။

အသားအရေကိုလှပစေသော သံပရာသီး

      သံပရာသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ပဋိဇီဝပိုးသတ်အာနိသင်များ    ပါဝင်သောကြောင့် သံပရာသီးဖြင့်   အသားအရေကို   ပွတ်တိုက်ပေးပါက  အရေပြားဆဲလ်သေများကို   ဖယ်ရှားပေးနိုင်သည်။  ဗောက်များ၊ အရေပြားနီမြန်းမှုများကိုလည်း သက်သာပျောက်ကင်းစေပြီး ရေချိုးသည့်အချိန်တွင် သံပရာရည်အနည်းငယ်ထည့်ချိုးရုံဖြင့် အသားအရေ ကို သန့်ရှင်းလန်းဆန်းစေနိုင်သည်။ ယားနာ၊ ပွေးနာ၊ အရေပြား၌  အမည်းကွက်များပေါက်ခြင်း၊  အမွေး ကျွတ်ခြင်းတို့ဖြစ်ပွားလျှင် သံပရာသီးကို ထက်ခြမ်းခွဲ ၍ ပွတ်တိုက်ပေးပါက ပျောက်ကင်းစေသည်။ 

အဆိပ်သင့်နာ ပျောက်ကင်းစေသောသံပရာသီး

     သံပရာရည်ကို     သကြားအနည်းငယ်ထည့်၍ သောက်ပါက အရက်မှဖြစ်တတ်သောအဆိပ်၊ အစား အစာမှဖြစ်သောအဆိပ်  စသည့်အဆိပ်သင့်နာများ ကို ပျောက်ကင်းစေနိုင်သည်။ ထမင်းစားပြီးနောက် အော့အန်ခြင်းဖြစ်ပါက သံပရာရည်ကို  သောက်ပေး နိုင်သည်။ 

ချောင်းဆိုးခြင်း၊ အဆစ်အမျက်ကိုက်ခြင်းကို ပျောက်ကင်းစေသော သံပရာသီး

      သံပရာရည်ကိုသကြားခတ်၍ သောက်ပါက အဆီများ၍ချောင်းဆိုးခြင်း၊သည်းခြေအားနည်းခြင်း၊ အဆစ်အမျက်ကိုက်ခြင်းကို ပျောက်ကင်းစေနိုင်သည်။

သွားရောဂါများ ပျောက်ကင်းစေသော သံပရာသီး

     သံပရာရည်ကို သကြားအနည်းငယ်ထည့်၍ မနက်၊ ညနှစ်ကြိမ် မှန်မှန်သောက်ပါက သွားမှသွေးယိုခြင်းကို ပျောက်ကင်းနိုင်သည်။ သံပရာသီးတစ်လုံးကို မီးကျွမ်းအောင်ဖုတ်၍  လေးညှင်းပွင့်တစ်ပွင့်ကြိတ်ထည့်ပြီး သွားအရင်း၌သိပ်ပေးခြင်းဖြင့်    သွားကိုက်သွားနာ ပျောက်ကင်းစေသည်။

အစာချေဖျက်နိုင်စွမ်းကောင်းသော သံပရာသီး

     သံပရာသီးသည်  ခံတွင်းမှ တံတွေး ပိုထွက်စေနိုင်သောကြောင့်   အစာချေဖျက်မှုကို   အထောက်အကူ ပြုသည်။   သံပရာသီး၏သဘာဝအက်စစ်ဓာတ်နှင့် Flavonoid ဓာတ်များကြောင့် အစာခြေစနစ်ကိုနှိုးဆွ ပေးပြီး အစာခြေရည်နှင့် အက်စစ်များ ပိုထွက်စေနိုင် သည်။ ထို့ကြောင့် အိန္ဒိယနှင့်အိမ်နီးချင်းနိုင်ငံများ၌ ထမင်းစားသည့်အခါတိုင်း သံပရာသီးကို  ထည့်စား လေ့ရှိသည်။

ခေါင်းကိုက်မူးဝေမှုကို ပျောက်ကင်းစေသောသံပရာသီး

     ခေါင်းကိုက်နေပါက လက်ဖက်ရည်ကျကျ ကျိုပြီး သံပရာရည်ညှစ်သောက်ပါက ပျောက်ကင်းစေသည်။ သံပရာရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ ပြုလုပ်ရာတွင်     မူးဝေတတ်သော ဝေဒနာများကိုပျောက်ကင်းစေသည်။ 

နှာခေါင်းသွေးယိုခြင်းနှင့် လည်ချောင်းနာခြင်းကို ပျောက်ကင်းစေသော သံပရာသီး

     သံပရာသီးလတ်လတ်ဆတ်ဆတ်     အရည်ကို နှာခေါင်းတွင်းသို့ ညှစ်ထည့်ပါက  နှာခေါင်းသွေးယိုခြင်းကို ပျောက်ကင်းစေသည်။   သံပရာရည်ပူပူနှင့် ပျားရည်ရော၍ နေ့အချိန်တွင် နှစ်ကြိမ်မျှလျက်ပါက လည်ချောင်းနာခြင်းကို ပျောက်ကင်းစေသည်။ 

အဖျားရောဂါပျောက်ကင်းစေသော သံပရာသီး

     အရည်ရွှမ်းသည့်အချဉ်သီးများသည် ဗီတာမင်-ကြွယ်ဝမှုကြောင့်  အဖျားကျစေနိုင်သည့်အာနိသင် ရှိသည်။   ဖျားနေသူတစ်ယောက်အတွက်  သံပရာရည်က အလွန်အထောက်အကူပြုနိုင်သည်။ သံပရာ ပင်အခေါက်ကို  ရေနှင့်ထက်ဝက်ခန့်ကျို၍  နံနက် တစ်ကြိမ်၊   ညတစ်ကြိမ်သောက်ပေးပါက   အဖျား ပျောက်ကင်းစေသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဆီးအောင့်ခြင်းကို ပျောက်ကင်းစေသော သံပရာစေ့

      သံပရာစေ့ကိုကြိတ်ပြီး  နားသယ်တွင်လိမ်းပေးပါက  ခေါင်းတစ်ခြမ်းကိုက်ရောဂါပျောက်ကင်းစေ သည်။  ကြွေမီးဖုတ်နှင့်  သံပရာရည်ဖျော်၍သောက် ပါက   ဆီးအောင့်ခြင်းကို   ပျောက်ကင်းစေသည်။ သံပရာသီးအစိမ်း၏အခွံကိုစားပါက   လေနာခြင်း ပျောက်ကင်းစေသည်။ 

သံပရာသီးနှင့် မတည့်သောသူများ

     သံပရာသီးသည်  အစာအိမ်သမားများအတွက် မသင့်တော်ပါ။  သံပရာရည်ကို အလွန်အကျွံမဟုတ် ဘဲ ချိန်ဆ၍သာ သောက်သင့်သည်။ သံပရာသီးသည် တန်ဆေးလွန်ဘေးဆိုသကဲ့သို့ များများစားမိပါက  ထိခိုက်စေနိုင်သောကြောင့် ရောဂါအခံရှိသူများ၊သွေးကျဆေး သောက်နေသူများနှင့် တခြားကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဆေးသောက်နေရသူ များအနေဖြင့်  ဆရာဝန်နှင့်တိုင်ပင်၍  အသုံးပြုသင့်သည်။

အချုပ်အားဖြင့်ဆိုရသော်  ဗီတာမင်-ကြွယ်ဝသော သံပရာသီးကို ပါးပါးလှီးပြီး  ဖန်ခွက်တစ်လုံး ထဲတွင်ထည့်၍ ရေနွေးထည့်ကာ နေ့စဉ်သောက်ပေး ပါက ကျန်းမာရေးကိုအကျိုးပြုသည့်အပြင် သံပရာ ရည်တွင်ပါဝင်သည့် Citric Acid နှင့် Flavonoids တို့သည်  သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပြီး   သွေး ကြောအတွင်း သွေးခဲခြင်းကို ကာကွယ်ပေးနိုင်သည်။ သံပရာရည်သည်   သွေးကိုသန့်စင်စေကာအားအင် တိုးစေပြီး  ကြွက်တက်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းကို  သက်သာစေသည့်အပြင်  အဆီ များကိုလည်း  လျှော့ချပေးနိုင်သည်။  သံပရာသီးကို အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတို့တွင် ညှစ်စားပါက အချဉ်ဓာတ်ဖြင့်  ခံတွင်းရှင်းစေသည်။  သံပရာရည်ကို နေ့စဉ်မနက်တိုင်းသောက်ပေးပါက  ပိုမိုကျန်းမာ ရွှင်လန်းလာမည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

MWD