မရန်းသီး၏ ဆေးဖက်ဝင်ပုံအကြောင်း သိကောင်းစရာ

Posted_Date

Image

မရန်းသီး၏ ဆေးဖက်ဝင်ပုံအကြောင်း သိကောင်းစရာ

Body

ချိုချဉ်အရသာလေးနှင့် ဆောင်းရာသီအကုန်လောက်တွင်ပေါ်သည့် မရန်းသီးကို ဆားရည်စိမ်၍ဖြစ်စေ၊ ဆေးသကြားနှင့် စိမ်၍ဖြစ်စေ၊ ပါးပါးလှီးပြီးသုပ်၍ဖြစ်စေ၊ ငါးပိနှင့်ရောထောင်း၍ဖြစ်စေ၊ လက်ဖက်နှင့်ရောထောင်း၍ဖြစ်စေ      စားပါက ခံတွင်းမြိန်စေသည်။     

မြန်မာလူမျိုးတို့သည်    မရန်းသီးကို အသီးကင်းမှအစ     အသီးမှည့်သည်အထိ အမျိုးမျိုးပြုလုပ်၍   စားလေ့ရှိကြသည်။ မရန်းသီးဆားရည်စိမ်၊    မရန်းသီးသနပ်၊ မရန်းယို၊ မရန်းပြား စသည်ဖြင့် မရန်းသီး ကို  တာရှည်ခံအောင်ပြုလုပ်၍   စားသုံး ကြသည်။ မရန်းသီးကို ဟင်းလျာအမျိုးမျိုး တွင် ထည့်သွင်း၍ မရန်းသီးသုပ်၊ မရန်းသီး ငါးပိကြော်၊ မရန်းသီးငါးပိချက်၊ မျှင်ငါးပိ နှင့်  မရန်းသီးထောင်း၊  ငါးကြင်းဆီပြန် မရန်းသီးအုပ်၊  ငါးရံ့အူဆီပြန် မရန်းသီး အုပ်၊ ရေချိုပုစွန်အစပ်ချက်ကို မရန်းသီး အုပ်၊ မရန်းသီးနှင့် အာပဲ့ခြောက်ငရုတ်သီး ထောင်း  စသည်ဖြင့် အမျိုးမျိုးချက်ပြုတ် စားသောက်ကြသည်။ ထို့ပြင် မရန်းချိုသီး အမှည့်များကို      ချိုချဉ်ငန်စပ်ပြုလုပ်၍ သရေစာအဖြစ်လည်း    စားသုံးကြသည်။ ထိုသို့စားကောင်းသည့်     မရန်းသီးတွင် ဆေးဖက်ဝင်ပြီး     ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်ပုံကို     ဖော်ပြလိုက်ပါသည်။ 

အရေပြားသန့်စင်

ကျန်းမာစေသော မရန်းသီး

မရန်းသီးတွင် ဗီတာမင်-C ကြွယ်ဝစွာ ပါဝင်သောကြောင့် ကော်လာဂျင်တစ်သျှူး များကို  အာဟာရဖြည့်ပေးသည့်အပြင်   ဘီတာကယ်လ်ရိုတင်းကဲ့သို့   ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ    ပါဝင်ခြင်းကြောင့် အသားအရေကို  ကြည်လင်ကျန်းမာစေ ပြီး  အသားအရေစိုပြည်စေရန်  မရန်းသီးက  ရေဓာတ်ဖြည့်ပေးနိုင်သည်။    ထို့ပြင် မရန်းသီးသည်  အသားအရေကိုကောင်း မွန်စေပြီး      ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း  မြှင့်တင်ပေးကာ ခရမ်းလွန်ရောင် ခြည်ကျရောက်မှုနှင့်  အညစ်အကြေးများ ကိုလည်း သန့်စင်ပေးသည်။ 

ခုခံအားကောင်းစေသော မရန်းသီး

မရန်းသီးတွင်  ဗီတာမင်-A ၊ ဗီတာမင်- C  နှင့် ဗီတာမင်-E တို့  အများဆုံးပါဝင် သောကြောင့်  ခုခံအားစနစ်၊ အရေပြားနှင့် မျက်စိကျန်းမာရေးအတွက်    များစွာ အထောက်အကူပြုသည်။ မရန်းသီးတွင် ပါဝင်သည့်  ဗီတာမင်-C သည် ခန္ဓာကိုယ် တွင်းရှိ သွေးဖြူဥများကို အထောက်အကူ ပြုသည့်အတွက်  ရောဂါများတိုက်ထုတ် ရာတွင်    ကူညီပေးနိုင်သည်။     ထို့ကြောင့်  အအေးမိဖျားနာခြင်းနှင့်  တုပ်ကွေးအဖျား များကို ခံနိုင်ရည်မြင့်စေသည်။ 

ကြွက်သားသန်မာစေသော မရန်းသီး

မရန်းသီးတွင် ပိုတက်ဆီယမ်၊ ကယ်လ် စီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်တို့ပါဝင်သော ကြောင့်     ကြွက်သားများကို   သန်မာစေ သည်။ ထို့ပြင်  မရန်းသီးတွင်   သဘာဝ ကပေးသည့်     သကြားဓာတ်ပါဝင်သော ကြောင့်   အားကစားသမားများအတွက် အထူးသင့်လျော်သည်။

အာရုံကြောချို့တဲ့မှုကို ကာကွယ်ပေးသော မရန်းသီး

မရန်းသီးတွင်     ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သောကြောင့် အာရုံကြော ချို့တဲ့မှုကိုဖြစ်စေသောအရာများအား ချေ ဖျက်ပေးခြင်းဖြင့် ကာကွယ်ပေးသည်။

ခန္ဓာကိုယ်အပူချိန်ကို ချိန်ညှိပေးသော မရန်းသီး

မရန်းသီးတွင်      ရေဓာတ်များစွာပါဝင် သည့်အတွက် ခန္ဓာကိုယ်အပူချိန်ကို ချိန်ညှိ ရာတွင် အထောက်အကူပြုသည်။

ခန္ဓာကိုယ်ရောင်ရမ်းမှုကိုလျော့ကျစေသော မရန်းသီး

မရန်းသီးတွင်ပါဝင်သည့် Polyphenols နှင့် Flavonoids ဓာတ်များသည် ခန္ဓာကိုယ် ရောင်ရမ်းမှုကိုသက်သာစေပြီး    အဆစ် အမျက်ရောဂါများကိုလည်း သက်သာစေ သည်။

ကိုယ်အလေးချိန်လျော့ကျစေသော မရန်းသီး

မရန်းသီးတွင်ပါဝင်သည့် အမျှင်ဓာတ် က  အဆာခံနိုင်ပြီး ခန္ဓာကိုယ်အလေးချိန် တက်ခြင်းကို လျော့ကျစေသည်။

အရိုးအားကောင်းစေသော မရန်းသီး

မရန်းသီးတွင်ပါဝင်သည့်       ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စဖရပ်စ်ဓာတ် များသည် အရိုးကျန်းမာရေးကိုအားကောင်း စေပြီး အသက်အရွယ်ကြီးရင့်ချိန်တွင်ဖြစ် တတ်သည့် အရိုးပွရောဂါများမဖြစ်အောင် ကာကွယ်ပေးသည်။

မျက်စိအားကောင်းစေသော မရန်းသီး

မရန်းသီးတွင်ပါဝင်သည့် ဗီတာမင်-A သည်       မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပြီး   အသက်အရွယ် ကြီးရင့်ချိန်    ကြွက်သားအားနည်းခြင်း၊ မျက်စိတိမ်ဖြစ်ခြင်းအတွက်    ကာကွယ် ပေးသည်။ မရန်းသီးတွင်ပါဝင်သော ဘီတာ ကယ်လ်ရိုတင်းသည်     မျက်စိနှင့်အမြင်

အာရုံကျန်းမာစေရန် အထောက်အကူပြုသည်။

ဆီးချိုရောဂါအတွက်အထူးသင့်လျော်သော မရန်းသီး

မရန်းသီးတွင်ပါဝင်သော    ဓာတ်များ သည်    ခန္ဓာကိုယ်တွင်းသကြားဓာတ်ကို ထိန်းညှိပေးသောကြောင့်     ဆီးချိုရောဂါ အတွက် အထူးသင့်လျော်သည်။ 

ဗက်တီးရီးယားနှင့် မှိုပေါက်ပွားမှုကိုရပ်တန့်စေသော မရန်းသီး

မရန်းသီးတွင်ပါဝင်သည့်    ဓာတ်များ သည် ဗက်တီးရီးယားနှင့် မှိုများပေါက်ပွား မှုအား  ရပ်တန့်စေသည့်အတွက်   ခံတွင်းသန့်ရှင်းရေးကို အထောက်အကူပြုသည်။

အသည်းကိုကျန်းမာစေသော မရန်းသီး

မရန်းသီးတွင်ပါဝင်သည့်    ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများက       အသည်းကို ကျန်းမာစေသည်။

အနာကျက်စေနိုင်သော မရန်းသီး

မရန်းသီးတွင် ပရိုတင်းနှင့် ဗီတာမင် - C  ကြွယ်ဝစွာပါဝင်သောကြောင့်  အရေပြား ဆဲလ်များ      အသစ်ဖြစ်ပေါ်စေရန်နှင့် ကော်လာဂျင်ထွက်ရှိရန်အတွက် အားဖြည့် ပေးသောကြောင့်   အနာကျက်မြန်စေရန် အကောင်းဆုံးအထောက်အကူပြုသည်။

ကင်ဆာရောဂါအတွက် အထောက်အကူပြုပေးနိုင်သော မရန်းသီး

မရန်းသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များနှင့်    ဗီတာမင်-A၊    ဗီတာမင်-C၊ ရေဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင် သောကြောင့်  အစာခြေစနစ်ကို ကျန်းမာ စေသကဲ့သို့   အူနံရံများ    လိုအပ်သည့်အာဟာရစုပ်ယူမှုကို အားကောင်းစေပြီး ဝမ်းမှန်စေခြင်းနှင့်    အစာခြေစနစ်တစ် လျှောက်၌ဖြစ်နိုင်သည့် အူမကြီးကင်ဆာ ကဲ့သို့ ကင်ဆာများမဖြစ်အောင် အကောင်း ဆုံးအထောက်အကူပြုပေးနိုင်ပြီး    ရောင် ရမ်းခြင်းကို တိုက်ထုတ်ပေးနိုင်သည်။ 

သွေးလည်ပတ်မှုကောင်းစေနိုင်သော မရန်းသီး

မရန်းသီးတွင် ခန္ဓာကိုယ်၌ သွေးလည် ပတ်မှုကောင်းစေရန်အတွက်  ရေဓာတ် ကြွယ်ဝရန်လိုအပ်ပြီး     ကိုယ်တွင်းသွေးစီးဆင်းမှု ကောင်းစေရန် ရေဓာတ်ပြည့်ဝစွာ ပါဝင်သော မရန်းသီးကို  စားသုံးသင့်သည့် အပြင်    ရေများများသောက်ရန်လည်း လိုအပ်သည်။       မရန်းသီးစားခြင်းဖြင့်သွေးကြောစနစ်များကို ကောင်းမွန်စေပြီး  တစ်ချိန်တည်းတွင်  သွေးပေါင်ချိန်တက် ခြင်းကိုလည်း လျော့ကျစေသည်။ 

ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေသော မရန်းသီး

ဦးနှောက်၏ ၇၀ ရာခိုင်နှုန်းကို ရေဓာတ် နှင့်ဖွဲ့စည်းထားသည့်အတွက်    ဦးနှောက် ၏လုပ်ငန်းစဉ်များကို       အကောင်းဆုံးလုပ်ဆောင်နိုင်ရန် ရေဓာတ်ပြည့်ဝမှုမဖြစ်မနေလိုအပ်ချက်ကို မရန်းသီးစားပေးခြင်းဖြင့်  ကုစားနိုင်သည်။  ထို့ကြောင့် မရန်း သီးစားသုံးခြင်းသည်   ခန္ဓာကိုယ်နှင့်  စိတ် ကို  တည်ငြိမ်လန်းဆန်းစေပြီး   စိုးရိမ်ကြောင့်ကြမှုများကိုလည်း    လျော့ကျစေ သည်။

ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးသော မရန်းသီး

ခန္ဓာကိုယ်ကျန်းမာရန် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသောရေဓာတ်က ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသကဲ့သို့ ကိုယ်တွင်းရှိ     အဆိပ်အတောက်များကို အကောင်းဆုံးစွန့်ထုတ်ပေးနိုင်သည်။ ထိုကဲ့သို့လုပ်ဆောင်ပေးနိုင်မှုများမှ   နှလုံး ရောဂါ၊   ကင်ဆာရောဂါ၊  ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနှင့်     တခြားကျန်းမာရေး ပြဿနာများမဖြစ်စေရန် အကောင်းဆုံး ကာကွယ်ပေးနိုင်သည်။

နှလုံးကျန်းမာစေသော မရန်းသီး

မရန်းသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးကို အကောင်းဆုံး စောင့်ရှောက်မှုပေးနိုင်သည်။  လူတစ်ဦး သည် တစ်ရက်လျှင် အမျှင်ဓာတ် ၂၆ ဂရမ် စားသုံးပေးခြင်းဖြင့်  နှလုံးရောဂါဖြစ်နိုင် ခြေကို ၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေး နိုင်သောကြောင့်    နှလုံးကျန်းမာလိုပါက   အမျှင်ဓာတ်များစွာပါသော  မရန်းသီးကို စားရန် လိုအပ်သည်။

အဆုတ်ကျန်းမာစေသော မရန်းသီး

မရန်းသီးတွင်ပါဝင်သော    အာဟာရ ဓာတ်များက တခြားကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းများနည်းတူ  ရေဓာတ် ၉၀  ရာခိုင် နှုန်းနှင့်ဖွဲ့စည်းထားသည့်      အဆုတ်ကို ရေဓာတ်လုံလောက်စွာရရှိစေပြီး  အဆုတ် ကို ကျန်းမာစေသည်။

မရန်းသီးတွင်   အချဉ်ဓာတ်များပါဝင် သောကြောင့်   အစာအိမ်အနာရှိသူများ သတိပြု၍စားသုံးသင့်သည်။    တန်ဆေး လွန်ဘေးဆိုသကဲ့သို့ အမှည့်လွန်ပြီး ယင် ပေါများသည့်အချိန်  စားသုံးမှုများပါက ဝမ်းရောဂါဖြစ်စေတတ်သဖြင့်    ဆင်ခြင် စားသုံးသင့်သည်။

မရန်းသီးသည် အဆီများသောအစား အစာများတွင် ထည့်သွင်းချက်ပြုတ်ခြင်း ဖြင့် အဆီများကို ချေဖျက်နိုင်ခြင်း၊  မရန်း သီးကို  သုပ်စားခြင်း၊   ချက်စားခြင်းဖြင့်  ခံတွင်းပျက်ခြင်းနှင့်      ခံတွင်းအရသာ မပေါ်ခြင်းတို့ကို  သက်သာပျောက်ကင်း စေခြင်း၊ သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ် တို့ အချိုးကျပါဝင်သည့်အတွက် ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးများစွာရရှိ စေခြင်း၊   မရန်းသီးသည်    အစာခြေစနစ် အတွက်  အကောင်းဆုံးအားဖြည့်ပေးနိုင် သည့်အပြင်  ရေဓာတ်ရော အမျှင်ဓာတ်ပါ ကြွယ်ဝသော      အသီးတစ်မျိုးဖြစ်သော ကြောင့် မရန်းသီးကို အသား၊  ငါးများနှင့် တွဲဖက်၍စားသုံးပါက     အသားဓာတ်တိုးပွားသည့်အတွက်   အာဟာရများစွာ ရရှိနိုင်ခြင်း၊    ပဲမှုန့်၊  ပုစွန်ခြောက်တို့ဖြင့် သုပ်စားပါက  အသားဓာတ်အပြင် သတ္တု ဓာတ်များလည်း ပေါများစွာရရှိစေနိုင်ခြင်း၊ အဖျားဟောင်းနှင့် ကိုယ်တွင်းအပူလောင် ခြင်း၊    သွေးဝမ်းသွားခြင်း၊  ဝမ်းကိုက်ခြင်း၊   သွေးကြောင့်ဖြစ်သောရောဂါနှင့် အရိုးကြား တို့၌    နာကျင်ကိုက်ခဲမှုတို့ကို    သက်သာ ပျောက်ကင်းစေခြင်း၊     အသည်းအဆီဖုံး ရောဂါကို ပျောက်ကင်းစေခြင်း၊ အဆီများ သောအသား၊ ငါးများတွင် မရန်းသီးထည့် ၍  ချက်ပြုတ်ခြင်းဖြင့်   ပိုလျှံသောအဆီ များကို ချေဖျက်နိုင်ခြင်း၊ မီးယပ်ဝမ်းသွား ခြင်းများအတွက်   မရန်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊     ဆားရည်စိမ် မရန်းသီးကိုသုပ်စားပေးခြင်းဖြင့်      ဝမ်းကိုက်ပိုးများကိုသေစေနိုင်ခြင်း၊  မရန်းစေ့ များကို  ဝမ်းပိတ်ဆေးများတွင်  အသုံးပြု နိုင်ခြင်း စသည့်ကျန်းမာရေးကောင်းကျိုး များစွာ  ရရှိနိုင်ကြောင်း  ရေးသားလိုက်ရပါသည်။

MWD