အသည်းအတွက်အန္တရာယ်ဖြစ်စေသော အစားအစာများအကြောင်းတစေ့တစောင်း

Posted_Date

Image

အသည်းအတွက်အန္တရာယ်ဖြစ်စေသော အစားအစာများအကြောင်းတစေ့တစောင်း

Body

အသည်းသည်  ခန္ဓာကိုယ်၏  သဘာဝအဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းဖြင့် လူ့ခန္ဓာကိုယ်တွင်  အရေးကြီးသော အခန်းကဏ္ဍမှ   ပါဝင်သည်။ 

သွေးအတွင်းမှ စွန့်ပစ်ပစ္စည်းများနှင့် အန္တရာယ်ရှိသော ပြင်ပအဆိပ်အတောက်များကို  ချေဖျက်ပေးသည်။ ဆေးဝါးများ၊ အရက်၊ ပိုးသတ်ဆေးများနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ဘေးထွက်ပစ္စည်းများကို ရေတွင်ပျော်ဝင်နိုင်သော ဒြပ်ပေါင်းများအဖြစ်သို့ ပြောင်းလဲစေပြီး အဓိက အားဖြင့် ကျောက်ကပ်မှတစ်ဆင့် ဖယ်ရှားစွန့်ထုတ် ရန် ပိုမိုလွယ်ကူစေသည်။ အသည်းသည် သည်းခြေ ရည်ကို ထုတ်လုပ်ပေးခြင်းဖြင့် အစာချေဖျက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး   အာဟာရစုပ်ယူမှုကို ကူညီပေးသည်။ အာဟာရဓာတ်များကို အသုံးဝင်သော အရာများအဖြစ်သို့ ပြောင်းလဲပေးပြီး စွမ်းအင်ကိုသိုလှောင်ကာ အဆီများကို ချေဖျက်ပေး သည်။ အသက်အရွယ်၊ နေထိုင်မှုပုံစံညံ့ဖျင်းခြင်းနှင့်အရက်အလွန်အကျွံသောက်ခြင်းကြောင့် ကျန်းမာရေး ချို့ယွင်းသွားကာ   အသည်းကိုအန္တရာယ်ဖြစ်စေပြီး တစ်ခါတစ်ရံတွင်  အသည်း၏ လုပ်ငန်းဆောင်တာများကို နှေးကွေးသွားစေနိုင်သည်။ အစားအသောက် အလေ့အထများနှင့်  အစားအသောက်ပြောင်းလဲမှုသည် အသည်းကျန်းမာရေးကို ကောင်းမွန်စေကြောင်း ကျန်းမာရေးနှင့် အာဟာရဆိုင်ရာကျွမ်းကျင်သူများ က ဖော်ပြထားသည်။

အသည်းအတွက် အန္တရာယ်ဖြစ်စေသော အစားအစာများတွင် သကြားပါသောအချိုရည်များ၊ အကြော် နှင့်  အမြန်စားအစားအစာများ၊  သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်များ၊ ပြုပြင်ထားသောအသားများ၊ အနီရောင်အသားများနှင့်      အရက်အလွန်အကျွံ သောက်ခြင်းတို့ပါဝင်သည်။

သကြားပါဝင်သောအစားအစာများနှင့်အချိုရည်များ

အသည်းသည် သကြားနှင့် Fructose ပမာဏများ သောအချိုရည်များနှင့်  သကြားလုံးများနှင့်   တွေ့ရ သောအခါ အန္တရာယ်နှင့်  ချက်ချင်းရင်ဆိုင်ရသည်။

သကြားပါဝင်သောအချိုရည်များ၊ Sucroseနှင့် Fru- ctose ပါဝင်သောအစားအစာများကို စားသုံးခြင်း သည် အသည်းအတွင်းရှိအဆီများကို နှစ်ဆတိုးစေကြောင်း လေ့လာမှုများကဖော်ပြထားသည်။ အသည်း အတွင်း အဆီများစုပုံလာခြင်းသည်  အရက်ကြောင့် မဟုတ်သော  အသည်းအဆီဖုံးရောဂါကိုဖြစ်စေပြီး အသည်း၏လုပ်ဆောင်ချက်များကို     ပျက်စီးစေနိုင် သည်။ သုတေသနများအရ သကြားပါသောအချိုရည် များကို နေ့စဉ်သောက်သုံးသူများသည် တစ်နေ့တာ တွင် ကယ်လိုရီစားသုံးမှုပမာဏ မည်မျှပင်များနေပါ စေ အသည်းအဆီစုပုံခြင်းဖြစ်ပေါ်လာနိုင်သည်။

သန့်စင်ပြီးကာဗိုဟိုက်ဒရိတ်နှင့်ဂျုံမှုန့်ထုတ်ကုန်များ

ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲနှင့်  ဂျုံမှုန့်ဖြူကဲ့သို့သော သန့်စင်ထားသည့် ကာဗိုဟိုက်ဒရိတ်များကို ခန္ဓာကိုယ် က လျင်မြန်စွာ ချေဖျက်နိုင်သောကြောင့် သွေးတွင်း သကြားဓာတ်များ   သိသိသာသာမြင့်တက်စေကာ အသည်းတွင်ပိုနေသောသကြားကို   အဆီအဖြစ်သို့ ပြောင်းလဲရန် တွန်းအားပေးသည်။ သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်နှင့် ဂျုံမှုန့်ထုတ်ကုန်များသည် အမျှင် ဓာတ်ချို့တဲ့ပြီး     အစားအစာများမှ    ဂလူးကို့စ်ကို လျင်မြန်စွာစုပ်ယူနိုင်ကာ သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေသည်။ ထမင်းဖြူ၊ ပေါင်မုန့်နှင့် တခြားသန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်အစားအစာများကို ပုံမှန်စားသုံးခြင်းသည် လများ သို့မဟုတ် နှစ်များ အချိန်ကြာလာသည်နှင့်အမျှ  ခန္ဓာကိုယ်ဆဲလ် များက တုံ့ပြန်မှုနည်းသောအင်ဆူလင်ခုခံမှုကိုမြှင့်တင် ပေးပြီး အသည်းအဆီဖုံးခြင်းကို ပိုမိုမြန်ဆန်စေသည်။

အစေ့အဆန်များတွင်  ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေသော အမျှင်ဓာတ်၊  သေးငယ်သော အာဟာရဓာတ်များနှင့် ဓာတုဗေဒပစ္စည်းများ ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေကာအင်ဆူလင်အာရုံခံနိုင်စွမ်းကို    မြှင့်တင်ပေးသည်။

သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်များကို  စားသုံးမည့်အစား အစေ့အဆန်များကို ရွေးချယ်စားသုံးခြင်း သည် အင်ဆူလင်၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး အသည်းအတွင်းအဆီစုခြင်းကို လျှော့ချပေးခြင်းဖြင့် အသည်းကျန်းမာရေးကို   ပိုမို ကောင်းမွန်စေသည်။

အစေ့အဆန်များကြွယ်ဝသော အစားအစာများသည် အသည်းအင်ဇိုင်းပမာဏကို တိုးမြှင့်စေပြီး အသည်း အဆီစုပုံခြင်းကို လျှော့ချပေးကြောင်း လေ့လာမှုများက ဖော်ပြထားသည်။ အစေ့အဆန်များသည် ကျန်းမာ ရေးနှင့်ညီညွတ်သော အစာအိမ်နှင့် အူလမ်းကြောင်း အကျိုးပြုဗက်တီးရီးယားများကိုလည်း ပံ့ပိုးပေးပြီးအန္တရာယ်ရှိသောရောင်ရမ်းမှုများကို လျှော့ချခြင်းဖြင့် အသည်းကျန်းမာရေးကို သွယ်ဝိုက်အကျိုးပြုသည်။အသည်းကျန်းမာရေးအတွက် ဂျုံမှုန့်ဖြူထုတ်ကုန် များထက် ဂျုံလုံးပေါင်မုန့်များကို အစားထိုးရွေးချယ် နိုင်သည်။

အရက်သောက်ခြင်း

အသည်းပျက်စီးရခြင်း၏ အဓိကအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်သည်။ အသည်း သည် အယ်လ်ကိုဟောကို ချေဖျက်ရာတွင် အသည်းဆဲလ်များကို  တိုက်ရိုက်ပျက်စီးစေပြီး   သေဆုံးစေ သည့် Acetaldehyde နှင့် ဓာတ်ပြုအောက်ဆီဂျင်မျိုး စိတ်  (ROS)  ကဲ့သို့သော  အဆိပ်အတောက်များကို ထုတ်လုပ်ပေးသည်။ နာတာရှည်အရက်အလွန်အကျွံ သောက်ခြင်းသည် အဆီများစုပုံလာခြင်း၊ ရောင်ရမ်းခြင်းနှင့် အမာရွတ်များကိုဖြစ်စေပြီး အချိန်ကြာလာ သည်နှင့်အမျှ နောက်ဆုံးတွင် အသည်း၏လုပ်ဆောင် ချက်ကိုထိခိုက်စေပြီး အသည်းပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။   အသည်းသည် အရက်သောက်ခြင်းကို ရပ်တန့်လိုက်သည်နှင့် ပြန်လည်ကောင်းမွန်လာနိုင် သော်လည်း အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းရောင်ခြင်း သို့မဟုတ် အသည်းပျက်စီးခြင်းကဲ့သို့   ပြန်မပြောင်းနိုင်သော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။    အရက်အလွန် အကျွံသောက်သော လူငယ်များသည် အန္တရာယ်ရှိသောကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။ အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးနိုင်ခြေကိုလျှော့ချရန်၊   အရက်ဖြတ်ရန်  သို့မဟုတ် အရက်သောက်ခြင်းကို   သိသိသာသာလျှော့ချရန် အရေးကြီးသည်။ အရက်ကို စောစီးစွာရပ်လိုက်လျှင် အရက်သောက်ခြင်းကြောင့်      ဖြစ်ပေါ်လာသော အသည်းအဆီဖုံးခြင်းကို တစ်စိတ်တစ်ပိုင်းပြန်ပြောင်း နိုင်သော်လည်း အသည်းခြောက်ခြင်းသည် နောက်ပြန် မဆုတ်နိုင်ဘဲ အသည်းပျက်စီးခြင်းသို့ ဦးတည်သွား နိုင်သည်။  အရက်ကို  စောစီးစွာရပ်လိုက်ခြင်းသည် ပြင်းထန်သောအသည်းပျက်စီးမှုကို    တားဆီးနိုင်သည်။ မျှတသောအာဟာရဖြင့် ကျန်းမာသောနေထိုင် မှုပုံစံကိုထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်  ဆေးလိပ်သောက်ခြင်းမှ  ရှောင်ကြဉ်ခြင်းသည် အသည်းကျန်းမာရေးကို အထောက်အကူပြုသည်။

ဆီကြော်နှင့်အမြန်စားအစားအစာများ

ကျန်းမာရေးနှင့်မညီညွတ်သော ဆီများဖြင့် ကြော်ထားသောအစားအစာများကို ပုံမှန်စားသုံးခြင်းသည် ဗိုင်းရပ်စ်အသည်းရောင်ခြင်းနှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း၌ပင် အသည်းအတွင်းအဆီများ လျင်မြန်စွာ စုပုံလာစေနိုင်သည်ဟု အစီရင်ခံစာများတွင် ဖော်ပြထားသည်။ အထူးသဖြင့် Saturated နှင့် Trans Fats များသောအကြော်ဆီများသည်       အသည်းတွင် အန္တရာယ်ရှိသော Triglycerides အဆီများကို တိုးစေ ပြီး အသည်းအဆီဖုံးခြင်းကို လျင်မြန်စေသည်။ အမြန် စားအစားအစာများတွင် အဆီ၊ သကြားနှင့် ဆားပါဝင် မှုလွန်ကဲခြင်းသည်  အထူးသဖြင့်   အဝလွန်ခြင်းနှင့်သွေးချို၊ ဆီးချိုရောဂါရှိသူများတွင် အသည်းအဆီစုပုံ ခြင်းကို ပိုမိုဆိုးရွားစေသည်။ အမြန်စားအစားအစာ များကို နေ့စဉ်အစာ၏ ၂၀ ရာခိုင်နှုန်းခန့် စားသုံးသူများ သည် အထူးသဖြင့် အဝလွန်ခြင်း သို့မဟုတ် သွေးချို၊ ဆီးချိုရောဂါရှိသောအခါတွင် အသည်းအဆီဓာတ်ပါဝင်မှုကို ပိုဆိုးလာစေကြောင်း သုတေသနလေ့လာ သူများက    ဖော်ပြသည်။     ကြော်ထားသောအစားအစာများ စားသုံးခြင်းသည်  အန္တရာယ်ရှိသောအဆီ များနှင့်  ဇီဝဖြစ်စဉ်ဆိုင်ရာ ဖိစီးမှုများကြောင့်  အဆီများလွန်းခြင်း၊ ရောင်ရမ်းခြင်းနှင့် အသည်းထိခိုက်မှု ကိုဖြစ်စေသော ဓာတ်တိုးဆန့်ကျင်ဖိစီးခြင်းများကို ဖြစ်စေသည်။ ကြော်ထားသောအစားအစာများတွင် ပါဝင်သောပြည့်ဝအဆီများသည်   ဆဲလ်များဖိစီးမှုလမ်းကြောင်းများကို ဖြစ်ပေါ်စေပြီး အသည်းထိခိုက်မှုကို ဖြစ်စေသည်။

ကယ်လိုရီအရေအတွက်ထက် အစားအသောက် အရည်အသွေးနှင့် စားသုံးမှုအကြိမ်ရေသည် အသည်း အဆီဖုံးခြင်းကို   သက်ရောက်မှုရှိသည်။   အသည်း

ကျန်းမာရေးကိုထိန်းသိမ်းရန်နှင့်   အသည်းအဆီဖုံးရောဂါကို ကာကွယ်ရန်  အကြော်နှင့်အမြန်စားအစားအစာများ စားသုံးမှုကို လျှော့ချရန် အထူးသဖြင့် အဝ လွန်ခြင်း သို့မဟုတ် သွေးချို၊ ဆီးချိုရောဂါကဲ့သို့  ဇီဝဖြစ်ပျက်မှုဆိုင်ရာ      ချို့ယွင်းမှုအန္တရာယ်ရှိသူများအတွက် အရေးကြီးသည်။ ထို့ပြင် အကြော်နှင့်အမြန် စားအစားအစာများကို မကြာခဏစားသုံးမှုနှင့်အတူ ကယ်လိုရီများလွန်းသော အစားအစာများ စားသုံးမှုသည်     ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲခြင်းမရှိဘဲအသည်းအဆီဖုံးခြင်းကို သိသိသာသာမြင့်တက်စေ သဖြင့် အစားအစာ၏ဖွဲ့စည်းမှုနှင့် စားသုံးမှုအကြိမ် ရေသည် အသည်းကျန်းမာရေးအတွက် သိသိသာသာ အရေးပါသည်။ ငါးများကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ် သောအဆီများကို ရွေးချယ်စားသုံးခြင်း၊ အစေ့အဆန် များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကြွယ်ဝမျှတသောအစားအစာများကို    ရွေးချယ်ခြင်းသည် အသည်းရောင်ရမ်းမှုနှင့် အဆီဖုံးခြင်းကို လျော့နည်း စေသည်။

ပြုပြင်ထားသောအသားများနှင့် သရေစာများ

ဘေကွန်၊ ဝက်အူချောင်း၊ ဟော့ဒေါ့၊   ပြုပြင်ထား သောအသားများနှင့်  သရေစာများကို စားသုံးခြင်း သည်    ပြည့်ဝဆီနှင့်    နိုက်ထရိုက်များစားသုံးမှုကို မြင့်မားစေသည်။  အနီရောင်နှင့် ပြုပြင်ထားသောအသားများကို       အများအပြားစားသုံးခြင်းသည်

အသည်းအဆီဖုံးရောဂါနှင့်  အသည်းအမာရွတ်များ ဖြစ်ပွားနိုင်ခြေပိုများသည်။ သုတေသနလေ့လာမှုများ အရ အဆိုပါအသားများကို ပုံမှန်စားသုံးခြင်းသည်အူလမ်းကြောင်း ဗက်တီးရီးယားများကို နှောင့်ယှက်စေပြီး       အသည်းပြန်လည်ကောင်းမွန်လာမှုကို ဟန့်တားသည့်   ရောင်ရမ်းမှုကို    ဖြစ်ပေါ်စေသည်။ 

ပြုပြင်ထားသောအသားများစားသုံးခြင်းကို ငါး၊ အဆီ မပါသောပရိုတင်းများနှင့်  ပဲအမျိုးမျိုးဖြင့်  အစားထိုး စားသုံးခြင်းဖြင့်   အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

အချုပ်အားဖြင့်ဆိုရသော်     အသည်းအတွက် အန္တရာယ်ဖြစ်စေသော  ဖော်ပြပါအစားအစာများကိုရံဖန်ရံခါစားသုံးခြင်းသည်  အသည်းကို မထိခိုက်စေသော်လည်း  ပုံမှန်စားသုံးပါက  အသည်းပျက်စီးနိုင် ခြေတိုးမြင့်စေကြောင်း သတိပြုသင့်သည်။ အသည်း ကျန်းမာရေးကို ကာကွယ်ရန်အတွက် သကြား၊ ပြုပြင် ထားသောအသားများ၊ အကြော်နှင့် အမြန်စားအစား အစာများ     မကြာခဏစားသုံးမှုကို ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော      အစားအသောက် ရွေးချယ်မှုလိုအပ်ကြောင်း    ကျန်းမာရေးသုတမျှဝေ ရေးသားလိုက်ရပါသည်။

MWD