လည်ပင်းနာကျင်မှုဖြစ်စေသော အမူအကျင့်များ
Posted_Date
Image
Body
လည်ပင်းနာကျင်ခြင်းသည် များသောအားဖြင့် မှားယွင်းသောအနေအထားဖြင့်ဖုန်း၊ ကွန်ပျူတာကြည့်ခြင်း၊ အိပ်စက်မှု ပုံစံမမှန်ခြင်းနှင့် လည်ပင်းကြွက်သားများကို အလွန်အမင်းအလုပ်ပေးခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ လည်ပင်း နာကျင်မှုဖြစ်ပွားပါက ထိုင်လျှင် မတ်မတ် ထိုင်ခြင်း၊ ခေါင်းအုံးအနိမ့်အမြင့်ချိန်ညှိ ခြင်းနှင့် လည်ပင်းကြွက်သားလေ့ကျင့် ခန်းများပြုလုပ်ခြင်းဖြင့် သက်သာစေနိုင် သည်။
ဖုန်းနှင့်ကွန်ပျူတာကိုအချိန်ကြာမြင့်စွာကြည့်ခြင်း
ခေါင်းကိုငုံ့ပြီး ဖုန်းကြည့်ခြင်း သို့မဟုတ် ကွန်ပျူတာမျက်နှာပြင်ကိုကြည့်ရန် လည် ပင်းကို ရှေ့သို့အလွန်အမင်းဆန့်ထုတ်ခြင်း သည် လည်ပင်းအဆစ်များပေါ် ပိုမိုဖိအား သက်ရောက်စေနိုင်သည်။
မှားယွင်းသောအိပ်စက်မှုပုံစံ
အလွန်မြင့်သော သို့မဟုတ် အလွန်နိမ့်သောခေါင်းအုံးကို အသုံးပြုခြင်း၊ ဗိုက် မှောက်အိပ်ခြင်းသည် လည်ပင်းကြွက်သားများကို တင်းအားဖြစ်စေသည်။
လည်ပင်းကြွက်သားများတင်းအားများခြင်း
တင်းအားများသည့် အလုပ်များကိုကြာရှည်စွာပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုများ ခြင်းတို့ကြောင့် ပခုံးနှင့်လည်ပင်းကြွက် သားများတင်းခြင်းကို ဖြစ်စေနိုင်သည်။
ကိုယ်ဟန်အနေအထားပြုပြင်ခြင်း
ထိုင်လျှင်၊ ရပ်လျှင်၊ လည်ပင်းနှင့်ကျောရိုးကိုမတ်မတ်ထားသင့်သည်။ ဖုန်း ကို အသုံးပြုရာတွင် မျက်လုံးနှင့်တစ်တန်း တည်းထား၍ အသုံးပြုသင့်သည်။
အလုပ်ခွင်ပတ်ဝန်းကျင်ညှိယူခြင်း
ကွန်ပျူတာမျက်နှာပြင်ကို မျက်လုံးနှင့် တည့်တည့်တွင်ထားသင့်သည်။ မိနစ် ၃၀ မှ မိနစ် ၆၀ ကြာတိုင်း ခေတ္တနားပြီး လည်ပင်းကို လှုပ်ရှားမှုပြုလုပ်သင့်သည်။
အိပ်စက်မှုပုံစံပြောင်းလဲခြင်း
ခေါင်းအုံးအုံးရာတွင် လည်ပင်းကြွက်သားများ တည့်မတ်စေရန် မနိမ့်လွန်း၊ မမြင့်လွန်းသော ခေါင်းအုံးအရွယ်အစားကို ရွေးချယ်သင့်သည်။ ဘေးစောင်း သို့မဟုတ် ပက်လက်အိပ်စက်သင့်သည်။
လေ့ကျင့်ခန်းနှင့်ကြွက်သားလျှော့ချခြင်း
လည်ပင်းကြွက်သားများကို သန်မာစေ သောလေ့ကျင့်ခန်းများ(ဥပမာ-လည်ပင်း ကို ဖြည်းဖြည်းချင်း အပေါ်၊ အောက်၊ ဘေး ဘယ်၊ ညာလှည့်ခြင်း)ကို ပုံမှန်ပြုလုပ်သင့် သည်။
အိမ်တွင်းကုထုံး
လည်ပင်းနာကျင်ပါက ရေနွေးအိတ် ကပ်ခြင်း သို့မဟုတ် ရေခဲကပ်ခြင်း ပြုလုပ် နိုင်သည်။ နာကျင်မှုသည် ရက်သတ္တနှစ်ပတ် မှ သုံးပတ်အထိကြာလာလျှင် သို့မဟုတ် လက်များထုံကျဉ်လာလျှင် ဆရာဝန်နှင့် ပြသသင့်သည်။
နံနက်စောစော အိပ်ရာထသည့်အခါ၊ အလုပ်တွင် အချိန်ကြာကြာအာရုံစိုက်ရ သည့်အခါ လည်ပင်းတွင်နာကျင်မှုခံစားရခြင်းမျိုး မကြာခဏကြုံဖူးကြသည်။ ထို့ပြင် လည်ပင်းနာကျင်မှုကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများစွာရှိသည်။
အချိန်ကြာကြာခေါင်းငုံ့ထားခြင်း
စာဖတ်သည့်အခါ အချိန်ကြာမြင့်စွာ ခေါင်းငုံ့ထားခြင်း၊ ကွန်ပျူတာအသုံးပြု သည့်အခါ အာရုံစိုက်နေမိ၍ လည်ပင်းနှင့် ဦးခေါင်းအနေအထားတွင် ဒဏ်ပိသကဲ့သို့ ဖြစ်စေသောကြောင့် လည်ပင်းနားတစ်ဝိုက် ကြွက်သားနှင့် ပခုံးကြွက်သားနာကျင်မှု ဖြစ်စေပြီး အလွယ်တကူကျုံ့၍၊ ဆန့်၍မရခြင်းမျိုး ဖြစ်ပွားနိုင်သည်။ အဆိုပါပြဿနာ ကို သက်သာစေရန် ဦးခေါင်း၊ လည်ပင်း၊ ကျောရိုးတစ်လျှောက်နှင့် တင်ပါးဆုံရိုးကို တစ်တန်းတည်းတည့်မတ်စေရန် မတ်မတ် ထိုင်ခြင်း၊ မတ်မတ်လမ်းလျှောက်ခြင်းနှင့် အကြောဆန့်ခြင်းမျိုး ပြုလုပ်သင့်သည်။
အလုပ်စားပွဲအနေအထားမှားယွင်းခြင်း
အမေရိကန်နိုင်ငံ၏ အလုပ်သမား ၄၅ ရာခိုင်နှုန်းသည် ကွန်ပျူတာအသုံးပြုမှု များသောကြောင့် လည်ပင်းနာကျင်မှု ဝေဒနာကို ခံစားရသည်။ နောက်ထိုင်ခုံ အနေအထားနှင့် အလုပ်စားပွဲကြောင့်
လည်း လည်ပင်းနှင့်ကျောရိုးနာကျင်ခြင်း ကို ဖြစ်ပွားစေနိုင်သည်။ နာရီဝက်တစ်ကြိမ် မိမိထိုင်သည့်ပုံစံကို Alarm ပေးထားသင့် သည်။ သို့မဟုတ် (၂၀:၂၀:၂၀)စည်းမျဉ်းကို လိုက်နာသင့်သည်။ မိနစ် ၂၀ ကြာကြည့်ပြီး တိုင်း ပေ ၂၀ အကွာအဝေးသို့ စက္ကန့် ၂၀ ကြာကြည့်ပေးလျှင် ကွန်ပျူတာနှင့် ရေရှည်အလုပ်လုပ်နိုင်မည်ဖြစ်သည်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် လည်ပင်း နှင့် နောက်ကျောနာကျင်မှုကို ပြင်းထန် နိုင်သည်ဟု လေ့လာချက်အရ သိရသည်။ ဆေးလိပ်သောက်ခြင်းက သွေးကြောကို ပို၍တင်းမာစေကာ ကျုံ့ရ၊ ဆန့်ရခက်သော ကြောင့် ကျောရိုးတစ်လျှောက် အောက်ဆီဂျင်ရရှိနှုန်းကို လျော့ကျစေနိုင်သည်။
ဖုန်းအသုံးပြုလွန်ခြင်း
ဖုန်းနှင့် အဆက်မပြတ်စာရိုက်ခြင်း၊ ကွန်ပျူတာသုံးခြင်း၊ ဂိမ်းကစားခြင်းတို့ကမိမိလက်မ၊ လက်ညှိုးထိပ်များနာကျင်စေ ရုံသာမက လည်ပင်း၌ရှိသော ကြွက်သားများကို ဝန်ပိစေသည်။ ပုံမှန်အားဖြင့်ဦးခေါင်းတစ်ခု၏ အလေးချိန်က ဆယ့်နှစ် ပေါင်ရှိသောကြောင့် အဆိုပါအလေးချိန် ကိုထိန်းပြီး ဖုန်းကိုအာရုံစိုက်ရခြင်းက လည်ပင်းကိုဒဏ်ပိစေနိုင်သည်။ ထို့ကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာသုံးစွဲခြင်းကို တတ်နိုင်သမျှလျှော့ပြီး မဖြစ်မနေအသုံးပြု မည်ဆိုလျှင် တစ်သမတ်တည်းဖုန်းကြည့် နေခြင်းမျိုးမဟုတ်ဘဲ ခေါင်းလေ့ကျင့်ခန်း၊ လည်ပင်းလေ့ကျင့်ခန်းများ ပြုလုပ်ပေး သင့်သည်။
အရက်သောက်ခြင်း
အိပ်စက်သည့်အနေအထား မှားယွင်း ခြင်းကြောင့် ခါးနာခြင်းကို ကြုံဖူးကြမည် ဖြစ်သည်။ အရက်သောက်သူများကသာမန်သူများထက် အိပ်သည့်အခါ ခန္ဓာကိုယ်အနေအထား မှားယွင်းသောကြောင့် ပို၍ခါးနာလေ့ရှိသည်။ ထို့ကြောင့် အရက် သောက်ခြင်းကိုလျှော့ချပြီး အိပ်ရာဝင် သည့်အခါ ဦးခေါင်းအနေအထား၊ ခါးအနေအထားမှန်စေရန် သတိပြုအိပ်စက်သင့် သည်။ အရက်က အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ နာတာရှည်အသည်း ရောင်ခြင်း၊ အသည်း၌အမှတ်စွဲထင်ခြင်း၊ အသည်းကြွပ်ဆတ်ခြင်း၊ အသည်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ ရောဂါတို့ဖြစ်စေသောကြောင့် ရှောင်ကြဉ်သင့်သည်။
လည်ပင်းနာကျင်မှုမဖြစ်စေရန် ပြုပြင်ရမည့် အမူအကျင့်များမှာ ပခုံးကို သက် သောင့်သက်သာ ထားသင့်သည်။ ကွန်ပျူတာကြည့်ခြင်း၊ စာဖတ်ခြင်း၊ တီဗီကြည့် ခြင်းပြုလုပ်သည့်အခါ လည်ပင်းရှိကြွက်သားများ တင်းအားဖြစ်စေ၍ ပခုံး ကို သက်သောင့်သက်သာ အနေအထား ဖြစ်ရန်လိုအပ်သည်။
ပခုံးနှင့်ညှပ်ပြီး ဖုန်းမသုံးသင့်ပါ။ ဖုန်းလာသည့်အခါ လက်မအား၍ဆိုကာ ပခုံး နှင့်နားညှပ်၍ ဖုန်းပြောခြင်းကြောင့် လည်ပင်းနာကျင်မှုကို ခံစားရနိုင်သည်။
လေးလံသည့်ဘေးလွယ်အိတ်များ မသုံးသင့်ပါ။ မိန်းကလေးအများစုပြုလုပ်တတ် ကြသည့် အကျင့်တစ်ခုဖြစ်သည်။ မိမိကိုင် သည့်လွယ်အိတ်ထဲတွင် အကုန်ထည့်ပြီး လွယ်သွားတတ်သည်။ ထိုသို့လွယ်သော ကြောင့် လည်ပင်းနှင့်ပခုံးကို နာကျင်မှု ဖြစ်စေသည်။ ထို့ကြောင့် မလိုအပ်သည် များ အိတ်ထဲမထည့်သင့်ပါ။ တစ်ပတ်တစ်ကြိမ်ခန့် မိမိလွယ်အိတ်ကို ရှင်းလင်း ပြီး မလိုအပ်သည်များ ဖယ်ထုတ်သင့် သည်။
ကွန်ပျူတာကို အသုံးပြုရာတွင် အနီး အဝေးချိန်ညှိသင့်သည်။ ကွန်ပျူတာ အသုံးပြုသည့်အခါ Screen ရှိသည့် နေရာက မျက်လုံးနှင့်တစ်တန်းတည်း မကျသည့်အခါ လည်ပင်းနှင့်ပခုံးရှိကြွက် သားများကို နာကျင်မှုဖြစ်စေသည်။ ထို့ ကြောင့် ကွန်ပျူတာကို အနီးအဝေးနှင့် အပေါ်၊ အောက်အနေအထားမှန်ကန်စွာ ချိန်ညှိပြီး အသုံးပြုသင့်သည်။
လူတိုင်း နေ့စဉ်နာရီဝက်မှ တစ်နာရီ ကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ လမ်း လျှောက်၊ ရေကူးပြုလုပ်သင့်သည်။
လေ့ကျင့်ခန်းပြုလုပ်၍ ထွက်ရှိသောချွေး က စားလိုက်သောကယ်လိုရီများကို အဆီ အဖြစ်မစုစေသဖြင့် အဆီမစုဝေးခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါတို့မှ ကင်းဝေးစေသည်။
အိပ်ရေးဝဝအိပ်စက်သင့်သည်။ အရွယ် ရောက်ပြီးသူတိုင်း တစ်ညကို အိပ်ချိန် ခြောက်နာရီမှ ရှစ်နာရီ ပြည့်ပြည့်ဝဝအိပ် စက်သင့်သည်။ အိပ်ရေးမဝခြင်းကြောင့်လည်ပင်းနှင့် ပုခုံးနာကျင်မှုများကို ခံစားရ စေနိုင်သောကြောင့် အိပ်ရေးဝ၀အိပ်စက် သင့်သည်။
MWD
