ခရမ်းချဉ်သီးမှပေးသော ကျန်းမာရေး အကျိုးကျေးဇူးများ

Posted_Date

Image

ခရမ်းချဉ်သီးမှပေးသော ကျန်းမာရေး အကျိုးကျေးဇူးများ

Body

      ခရမ်းချဉ်သီးကို  ဟင်းချက်ရာတွင် ဖြစ်စေ၊ အသားများချက်ပြုတ်ရာတွင် အနှစ်ရစေရန်ဖြစ်စေ၊  ယိုပြုလုပ်၍ဖြစ်စေ၊ လက်ဖက်သုပ်တွင်ထည့်၍ဖြစ်စေ၊ တခြားသီးနှံများနှင့်ရောကြော်၍ဖြစ်စေ  ပုံစံ အမျိုးမျိုးဖြင့်     ပြုလုပ်စားသုံးကြသည်။ ခရမ်းချဉ်သီးကို ဟင်းလိမ္မာသီးဟုလည်း ခေါ်ဝေါ်ကြသည်။        ခရမ်းချဉ်သီးသည် Solanaceae မျိုးရင်းတွင်ပါဝင်ပြီး ရုက္ခ ဗေဒအမည်အနေဖြင့် Solanum  Lycoper-sicum / Lycopersicon    lycopersicum (L.) H. Karst./ Lycopersicon Esculentum Mill. ဟုခေါ်သည်။ 

ခရမ်းချဉ်သီး၏ကျန်းမာရေး ကောင်းကျိုးများ

ခရမ်းချဉ်သီး၏  အာဟာရဓာတ်များသည် ကိုယ်ခံအားကျန်းမာရေး၊ သွေးခဲ စနစ်၊   ဆယ်လူလာအောက်ဆီဂျင် အသုံးချမှုနှင့်         သွေးကြောကျဉ်းခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ ခရမ်းချဉ်သီးသည် အစာအိမ်အားကောင်းစေကာ  နာကျင်မှု ကို သက်သာစေပြီး Fetid ချွေးနံ့ဆိုးများ ကို ဖယ်ရှားပေးသည်ဟု သုတေသီပညာ ရှင်များကယုံကြည်ကြသည်။   ခရမ်းချဉ် သီး၏ Antioxidant  ဂုဏ်သတ္တိများသာမက ရောင်ရမ်းခြင်းကို ဆန့်ကျင်ခြင်းနှင့် Hepa-toprotective   ကိုလည်း ရှာဖွေတွေ့ရှိခဲ့ သည်။  တစ်နည်းအားဖြင့် ခရမ်းချဉ်သီးကို သဘာဝပဋိဇီဝ ပိုးသတ်ဆေးနှင့် အသည်း ကို သန့်စင်ဆေးရည်ဟု ပင်ခေါ်နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စင်တာ   ON CLINIC ၏ အစာအိမ်အထူးကုဆရာဝန်၊ ဆေးသိပ္ပံ ဆရာဝန်၊ ပါမောက္ခ Vitaly Rumyantsev က   ခရမ်းချဉ်သီးပျော့ဖတ်တွင်   အမျှင် ကြမ်းပါဝင်သောကြောင့်  ပုံမှန်အသုံးပြု ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောနှင့် အဆိပ်အတောက်များကို ဖယ်ရှားပေးသည့်အတွက်    အထူးအသုံးဝင် သည်ဟုဆိုသည်။

အမြင်အာရုံကိုတိုးတက် ကောင်းမွန်စေနိုင်

ခရမ်းချဉ်သီးတွင် မြင်လွှာပျက်စီးခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ် ပေးသည့် ဗီတာမင် - A နှင့်  အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်သည့်အပြင် ညဘက်တွင်  အမြင်အာရုံဝေဝါးခြင်းကို တားဆီးပေးသော ဗီတာမင်- တို့ပါဝင် သောကြောင့် မျက်လုံးအတွက် အထူး ကောင်းမွန်စေသည်။

ကင်ဆာရောဂါကိုချေဖျက်ပေးနိုင်

ခရမ်းချဉ်သီးတွင်  လိုင်ကိုပင်းဓာတ် (Lycopene) မြင့်မားစွာပါဝင်သည့်အပြင် ဗီတာမင်- နှင့် ဗီတာမင် - တို့လည်း ပါဝင်သဖြင့် အစာအိမ်ကင်ဆာ၊ အဆုတ် ကင်ဆာ၊  အူမကြီးကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊  သားအိမ်ခေါင်းကင်ဆာ စသည့် ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်သည်။ ကင်ဆာရောဂါ ဖြစ်နှုန်းမှ  ပိုမိုလျှော့ချနိုင်ရန် ခရမ်းချဉ်သီး နှင့်ချက်သော ဟင်းလျာများတွင်   သံလွင်ဆီကို ထည့်သွင်းအသုံးပြု၍ စားသုံးသင့် သည်။

အသားအရေကြည်လင်စေနိုင်

ခရမ်းချဉ်သီးသည် Oxidative Stress ကို လျှော့ချပေးပြီး ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးသည်။   ခရမ်းချဉ်သီးတွင် အနီရောင်ကိုဖြစ်စေသော ရောင်ခြယ် ပစ္စည်း Lycopene နှင့် ဘီတာကယ်ရိုတင်း (Beta-carotene) သည် UV နေလောင်ဒဏ် ကြောင့်ဖြစ်သော အသားအရေပျက်စီး မှုများ၊   အရေးအကြောင်းဖြစ်ပေါ်မှုများ၊ ၀က်ခြံနှင့်အမည်းစက်များကိုပါ သက်သာ ပျောက်ကင်းစေသည်။ ဗီတာမင်နှင့် သတ္တု ဓာတ်များစွာပါဝင်သော ခရမ်းချဉ်သီးအနှစ်  ကို အရေပြားပေါ်လိမ်းပေးပါက မွဲခြောက် နေသည့်အသားအရေကို ရေဓာတ်ဖြည့် တင်းပေးပြီး ပြန်လည်စိုပြည်လာစေမည် ဖြစ်သောကြောင့်  ခရမ်းချဉ်သီးကို နေ့စဉ် ပုံမှန်စားသုံးပေးပါက အသားအရေကြည် လင်၀င်းပလာစေမည်ဖြစ်သည်။

သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်

ခရမ်းချဉ်သီးတွင် အမျှင်ဓာတ်ကြွယ်၀ စွာပါ၀င်သောကြောင့် သွေးတွင်းသကြား ဓာတ်မြင့်တက်ခြင်းမှ လျှော့ချပေးနိုင်ပြီး Chromium သည်  သွေးတွင်းသကြားဓာတ် ကို ထိန်းညှိပေးသည်။   ခရမ်းချဉ်သီးတွင် ပါ၀င်သည့်   Antioxidant သည်  သွေးလည် ပတ်မှုကိုကောင်းမွန်စေသည်။

သွေးဖိအားကိုထိန်းညှိပေးနိုင်

ခရမ်းချဉ်သီးတွင်   အနည်းငယ်သာ ပါ၀င်သည့် ပိုတက်ဆီယမ်နှင့် ဆိုဒီယမ် ပမာဏများသည်    ကိုလက်စထရောကို လျော့ကျစေပြီး သွေးဖိအားကိုထိန်းညှိပေး သည်။ Lycopene သည်  LDL ကိုလက်စထ ရောဓာတ်တိုးခြင်းကို  တားဆီးပေးသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်

ခရမ်းချဉ်သီးတွင်   ရေဓာတ်များစွာ ပါဝင်သည့်အတွက်  အစိမ်းလိုက်စားသုံး ပေးပါက ဆီးကျောက်ဖြစ်ခြင်းများကို လည်း ကာကွယ်ပေးနိုင်သည်။

အဆုတ်ကိုကျန်းမာစေနိုင်

ခရမ်းချဉ်သီးကို တစ်နေ့တစ်လုံး ပုံမှန် စားသုံးပေးပါက  အဆုတ်ကိုကျန်းမာ စေသောကြောင့် ဆေးလိပ်သောက်သုံး သူများသည်   ခရမ်းချဉ်သီးကို   နေ့စဉ် ပုံမှန်စားသုံးသင့်သည်။

အရိုးများကိုသန်မာစေနိုင်

ခရမ်းချဉ်သီးတွင်ပါ၀င်သည့် ဗီတာမင် -နှင့် ကယ်လ်စီယမ်ဓာတ်သည် ခန္ဓာ ကိုယ်ရှိ အရိုးများနှင့်သွားများကို ကျန်းမာ စေသည်။   အရိုးပွခြင်း၊  အရိုးကျိုးခြင်းနှင့် ခန္ဓာကိုယ်ရှိ အကြောအဆစ်များတွင်  နာကျင်ခြင်းတို့မှ  ကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် ကယ်လ်စီယမ်ပါ၀င်မှုကြောင့်  အကြောတက်ခြင်းမှ ကင်းဝေးစေသည်။ 

နာတာရှည်ရောဂါများကို သက်သာစေနိုင်

ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကိုဖြစ်စေသော TNF – Alpha ဟူသည့်ဓာတ်တစ်မျိုးကို ၃၄ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်သည့်အပြင် နှလုံးရောဂါ၊ အရိုးပွရောဂါ၊  ကင်ဆာနှင့် အယ်လ်ဇိုင်း မားရောဂါ   ခံစားနေရသူများအနေဖြင့် ခရမ်းချဉ်သီးကို     မဖြစ်မနေစားသုံးရန် လိုအပ်သည်။ ခရမ်းချဉ်သီးသည် ပိုတက် ဆီယမ်ပါဝင်မှုမြင့်မားသောကြောင့် နှလုံး သွေးကြောဆိုင်ရာရောဂါ၊ ဂေါက်ရောဂါနှင့် အဆစ်အမျက်ရောင်ရောဂါများအတွက် ပုံမှန်စားသုံးသင့်ကြောင်း     သုတေသန ပညာရှင်များက အကြံပြုထားသည်။

ကိုယ်အလေးချိန်လျော့ကျစေနိုင်

ခရမ်းချဉ်သီးတွင် အမျှင်ဓာတ်ကြွယ်၀စွာ ပါ၀င်ပြီး ရေဓာတ်ပါ၀င်မှုမြင့်မားသည့် အတွက် မလိုအပ်သော ကယ်လိုရီများမပါဘဲ ဗိုက်ကိုပြည့်တင်းစေနိုင်သောကြောင့် ကိုယ်အလေးချိန်      လျှော့ချနေသူများ အနေဖြင့်  ခရမ်းချဉ်သီးကို အစိမ်းဖြစ်စေ   သို့မဟုတ် အသုပ်ထဲတွင် ထည့်စားခြင်း ဖြစ်စေ နေ့စဉ်စားပေးသင့်သည်။

ခရမ်းချဉ်သီးသည်  ဗီတာမင်- PP မြင့်မားစွာပါဝင်မှုကြောင့် နီကိုတင်းဓာတ် ဆာလောင်မှုကို ပိုမိုလွယ်ကူစွာခံနိုင်ရည်ရှိ စေပြီး   ဆေးလိပ်သောက်ခြင်းကို တိုက်ဖျက်ရာတွင် အထောက်အကူတစ်မျိုး ဖြစ်နိုင်သည်။  ခရမ်းချဉ်သီးကို နို့တိုက်မိခင် များစားသုံးရန်   ခွင့်ပြုထားသော်လည်း သတိပြုစရာတစ်ခုအနေဖြင့်     ကလေးမွေးဖွားပြီးနောက် လေးလထက်မစောဘဲ ဆရာဝန်များက အသီးအနှံများကို အစား  အသောက်ထဲသို့  ဖြည်းဖြည်းချင်းထည့် စားရန် အကြံပြုထားပါသည်။ ချက်ပြုတ်၊ သုပ်ထားသော  ခရမ်းချဉ်သီးအနည်းငယ် ကိုစားပြီးနောက် နှစ်ရက်မှသုံးရက်အတွင်း ကလေး၏ တုံ့ပြန်မှုကိုကြည့်ရှု၍  ပုံမှန်ရှိပါက အသီးအရွက်များကိုဆက်လက် စားသုံးနိုင်ပြီး ပမာဏကို  ဖြည်းဖြည်း ချင်းတိုးနိုင်ပါသည်။ ခရမ်းချဉ်သီးကို ၈-၁၀ လမှ ကလေးများ၏အစားအစာ တွင် ထည့်သွင်းကျွေးမွေးနိုင်သည်။ သက်ကြီးရွယ်အိုများအတွက် ခရမ်းချဉ် သီးဟင်းလျာများသည် အထူးအသုံးဝင်ပြီး  ယင်းတွင်ပါရှိသောအရာများသည်   သွေး ကြောများတွင် အဆီလွှာများဖြစ်ပေါ်ခြင်းကို  တားဆီးပေးသည်။  ရိုးရာဆေးပညာ တွင် ခရမ်းချဉ်သီးဖျော်ရည်ကို အနာများ သက်သာပျောက်ကင်းစေသည်ဟုဆိုကြ သည်။

သတိပြုသင့်

အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများတွင်  ခရမ်းချဉ်သီးကို   သတိ ထားအသုံးပြုသင့်သည်။   ယင်းတွင် ပါဝင်သော      အမျှင်ဓာတ်ကြမ်းသည် အစာအိမ်ရောင်ခြင်းနှင့် အနာများကို ပိုမိုဆိုးရွားစေနိုင်သည်။ အူသိမ်ထဲတွင်ဖြစ် သောအနာ (Duodenal Ulcer) နှင့် ဓာတ် မတည့်မှုများကြောင့် ခရမ်းချဉ်သီးကို လုံးဝမစားသင့်ပါ။ ထို့ပြင် ခုခံအားကျစေသော ကလေးများနှင့်  လူကြီးများ တွင် ခရမ်းချဉ်သီးနှင့်ဓာတ်မတည့်မှု တွေ့ကြုံရနိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် ခရမ်းချဉ်သီးသည် ဗီတာမင်-၊ ဗီတာမင်-၊ Lycopene၊ ပိုတက်ဆီယမ်နှင့်အမျှင်ဓာတ်များ    ကြွယ်ဝသောကြောင့် နှလုံးရောဂါ၊ ကင်ဆာ ရောဂါ၊   အသားအရေခြောက်သွေ့ခြင်း၊ မျက်လုံးအားနည်းခြင်း၊  အရိုးပါးခြင်း၊   ဆီးချို၊ သွေးချိုရောဂါနှင့်   ကင်ဆာရောဂါ တို့ကို   ကာကွယ်ချေဖျက်ပေးနိုင်သည့် အပြင် ကိုယ်အလေးချိန်ကိုပါ လျော့ကျစေ နိုင်သောကြောင့် လူတိုင်းစားသုံးသင့်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

MWD