ဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Posted_Date
Image
Body
အချဉ်၊ အဖန်အရသာ အနည်းငယ်ရှိသော အစိမ်းရောင်ဖျော့ဖျော့ ဆီးဖြူသီး၏ကျန်းမာရေး အကျိုးကျေးဇူးများကို ဖော်ပြ ပေးလိုက်ပါသည်။ ဆီးဖြူသီးကို Goose Berry ဟုခေါ်ပြီး ရုက္ခဗေဒအမည်မှာ Phyllanthus Acidus ဖြစ်ကာ Euphor-biaceae မျိုးရင်းဝင်ဖြစ်သည်။ ဆီးဖြူ သီးကိုဖျော်ရည်လုပ်ခြင်း၊ ကြော်စားခြင်း၊ ထောင်းစားခြင်း၊ အချဉ်စိမ်ခြင်း၊ သနပ်ပြုလုပ်ခြင်းတို့ရှိသကဲ့သို့ ဆီးဖြူသီးတွင် ဗီတာမင်-C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်များအပါအဝင် လူတိုင်းနေ့စဉ် ပုံမှန်စားသုံးပေးမည်ဆိုပါက သက်ရှည်ကျန်းမာစေနိုင်သည်။
ဆီးဖြူသီးကို ဆော့စ်၊ ယိုနှင့် အချိုပွဲ များအပါအဝင် ဟင်းပွဲအမျိုးမျိုးတွင် ထည့် သွင်းချက်ပြုတ်နိုင်သည်။ ဆီးဖြူသီးသည် ဟင်းပွဲများတွင် ထူးခြားသောအရသာကို ပေးစွမ်းနိုင်သည်။ ဆီးဖြူသီးကို ပျားရည် နှင့်ပေါင်းစပ်ခြင်းဖြင့် ဆီးဖြူသီး၏အရသာကို မြှင့်တင်ပေးရုံသာမက နောက်ထပ် ကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်သည်။ ပျားရည်တွင် ဗက် တီးရီးယားများကို တိုက်ဖျက်နိုင်သည့် ဂုဏ်သတ္တိများနှင့် အစာခြေကျန်းမာရေး ဆိုင်ရာအကျိုးကျေးဇူးများ ရရှိစေနိုင်သကဲ့သို့ ဆီးဖြူသီးတွင်လည်း ကိုယ်ပိုင် အားသာချက် ရှိသောကြောင့် ယင်းတို့၏ ပေါင်းစပ်မှုသည် အရသာရှိပြီး ကျန်းမာ ရေးနှင့်ညီညွတ်သော သရေစာအဖြစ် စားသုံးနိုင်သည်။ ဆီးဖြူသီးစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိ နိုင်သကဲ့သို့ အာဟာရတန်ဖိုးမြှင့်တင်ရန် အသီးအနှံသုပ်များတွင်လည်း ထည့်သွင်း စားသုံးနိုင်သည်။
ကိုယ်ခံစွမ်းအားစနစ် ပံ့ပိုးပေးသောဆီးဖြူသီး
ဆီးဖြူသီးတွင် ဗီတာမင်-C ကြွယ်ဝစွာ ပါဝင်မှုကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဆီးဖြူသီးကို ပုံမှန်စားသုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ရောဂါ ပိုးမွှားများနှင့် ဖျားနာမှုများကို တွန်းလှန် ပေးနိုင်ပြီး ကျန်းမာရေးကို အထောက် အကူပြုသည်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းမှ အဆိပ် အတောက်များကိုဖယ်ရှားကာ ခန္ဓာကိုယ် ၏ခုခံအားစနစ်ကို တိုးစေနိုင်သည်။
ကိုယ်အလေးချိန်ကျစေသော ဆီးဖြူသီး
ဆီးဖြူသီးက ခန္ဓာကိုယ်ဇီဝတွင်းဖြစ် ပျက်ပြောင်းလဲမှုဖြစ်စဉ်ကို မြှင့်တင်ပေး ပြီး အဆီများစုပုံမှုကို လျှော့ချပေးနိုင်ကာ အဆာခံစေနိုင်သောကြောင့် ကိုယ်အလေးချိန်ကို လျှော့ချရာတွင် အထောက် အကူပြုသည်။
အူလမ်းကြောင်းကို ကျန်းမာစေသောဆီးဖြူသီး
ဆီးဖြူသီးတွင် ကျန်းမာသောအစာခြေ စနစ်ကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်ပြီး အလွန်ကောင်းမွန်သော အရင်းအမြစ်တစ်ခုဖြစ်သည့် အမျှင်ဓာတ်ပါဝင်သောကြောင့် ဆီးဖြူသီးစားသုံးခြင်းဖြင့် အူလမ်းကြောင်းလှုပ်ရှားမှုကို ထိန်းညှိ ပေးနိုင်ပြီး အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးကာ အူလမ်းကြောင်းတစ်ခုလုံးကို ကျန်းမာစေသည်။
နှလုံးကျန်းမာရေးကောင်းစေသော ဆီးဖြူသီး
ဆီးဖြူသီးတွင် နှလုံးအတွက် အကျိုးပြုနိုင်သည့် အာဟာရဓာတ်များ၊ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အမျှင်ဓာတ်များ မြင့်မားစွာပါဝင်သောကြောင့် နှလုံး သွေးကြောပိတ်ခြင်းမှ ကာကွယ်ပေးသည်။ နှလုံးကြွက်သားများကို ကျန်းမာ စေပြီး ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်သည့်အပြင် သွေးမတိုး အောင်ထိန်းညှိပေးပြီး နှလုံးရောဂါဖြစ် နိုင်ခြေကို လျော့ကျစေသည်။ ဆီးဖြူသီးက အကျိုးပြုကိုလက်စထရောများ တိုးလာအောင် လုပ်ဆောင်ပေးပြီး နှလုံး သွေးကြောများထဲတွင် အဆီများစုပုံပိတ်ဆို့ခြင်းမျိုးမဖြစ်စေရန်လည်း ကာကွယ်ပေးသည်။ ဆီးဖြူသီးက နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေနိုင်ပြီး ဆီးဖြူသီး တွင် ပိုတက်ဆီယမ်ပါဝင်သောကြောင့် သွေးဖိအားကို ထိန်းညှိပေးသည်။
မျက်စိကျန်းမာရေး ကောင်းစေသောဆီးဖြူသီး
ဆီးဖြူသီးတွင် ဗီတာမင်-A များပြား စွာပါဝင်သောကြောင့် မျက်စိကျန်းမာ ရေးကိုကောင်းမွန်စေပြီး အသက်အရွယ် ကြောင့်ခံစားရသည့် အမြင်အာရုံဆုံးရှုံးမှု မဖြစ်စေရန်လည်း ကာကွယ်ပေးသည်။ ဆီးဖြူသီးတွင်ပါဝင်သည့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက မျက်ကြည်လွှာကို Oxidative Stress များကြောင့် ပျက်စီးမှု မှကာကွယ်ပေးပြီး ရေတိမ်ဖြစ်နိုင်ခြေကို လည်း လျှော့ချပေးသည်။ ဆီးဖြူသီးကိုရေစိမ်ထားသည့် အရည်နှင့် မျက်စဉ်းခတ် ပေးလျှင် အမြင်အာရုံကြည်လင်စေ သည်။ ဆီးဖြူသီးကို ပုံမှန်စားသုံးပေးခြင်း ဖြင့် အသက်အရွယ်နှင့် ဆိုင်သော မက်ကူ လာယိုယွင်းခြင်းကို ကာကွယ်ပေးနိုင်ပြီးမျက်စိကျန်းမာရေးကို ကောင်းမွန်စေ သည်။
နှာခေါင်းသွေးလျှံခြင်းကို သက်သာစေသော ဆီးဖြူသီး
နှာခေါင်းသွေးလျှံပါက ဆီးဖြူသီးအရည်ကို နှာခေါင်းထဲသို့ အစက်ချပေးခြင်းဖြင့် နှာခေါင်းသွေးလျှံခြင်းကို သက်သာစေသည်။
ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်သောဆီးဖြူသီး
ဆီးဖြူသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝစွာပါဝင်သောကြောင့် Car-cinogenic Cell များကြီးထွားဖြစ်ပေါ်မှုကို ကန့်သတ်ပေးခြင်းဖြင့် ကင်ဆာမဖြစ် အောင် ကာကွယ်ပေးသည်။ ဆီးဖြူသီးတွင် ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ က အန္တရာယ်ရှိသည့် Free Radical များကို ကန့်သတ်ထိန်းချုပ်ပေးသောကြောင့် အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာနှင့် အသည်းကင်ဆာများမဖြစ်အောင် ကာကွယ်ပေးသည်။ ကင်ဆာကျိတ်များ ကြီးမလာအောင်ထိန်းပေးသည်။ ဆီးဖြူသီး သည် ကင်ဆာဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို တုံ့ပြန်နိုင်သည့်အစွမ်းရှိ သည်။
သွေးအားနည်းခြင်းကိုသက်သာစေသော ဆီးဖြူသီး
ဆီးဖြူသီးတွင် သံဓာတ်ပါဝင်မှုများ သောကြောင့် သွေးဖြူဥပမာဏကို တိုးစေ ပြီး သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးသည်။ ဆီးဖြူသီးမှုန့်ကိုပျားရည်နှင့် သောက်ပေးမည်ဆိုပါက သွေး သန့်စင်စေမည်ဖြစ်သည်။
ကျောက်ကပ်ကျောက်တည်ခြင်းကို သက်သာစေသောဆီးဖြူသီး
ဆီးဖြူသီးအမှုန့်ကို မုန်လာဥဖြူနှင့် တွဲဖက်စားပေးပါက ကျောက်ကပ်ကျောက်တည်ခြင်းကို သက်သာစေနိုင်ပြီး အနာပဆုပ်ဖြစ်ပေါ်ပါက ဆီးဖြူသီးကိုမီးဖုတ်၍ အုံပေးနိုင်သည်။
ဇီဝဖြစ်စဉ်လုပ်ဆောင်မှုကိုမြှင့်တင်ပေးသော ဆီးဖြူသီး
ဆီးဖြူသီးသည် ဇီဝဖြစ်စဉ်လုပ်ဆောင် မှုကိုမြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးကာ စွမ်းအင်အဆင့်အားလုံး ကို ကူညီပေးသည်။ ဆီးဖြူသီးတွင်ပါဝင်သည့် အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိရာတွင် ကူညီပေးသောကြောင့် ဆီးချိုရောဂါသည်များ အတွက် သင့်လျော်သည်။
အရေပြားကိုကျန်းမာစေသောဆီးဖြူသီး
ဆီးဖြူသီးတွင်ပါဝင်သည့် ဗီတာမင်-C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အရေပြားကိုကြည်လင်ဝင်းပစေပြီး အဆိပ် အတောက်များကို ဖယ်ရှားပေးသည်။ အရေပြားကို ဆီးဖြူသီးအရည်ဖြင့်လိမ်း၍ ဖြစ်စေ၊ အနှစ်ကြိတ်ပြီးလိမ်း၍ဖြစ်စေပြုလုပ်ခြင်းဖြင့် အသားအရေကို ကြည်လင် နူးညံ့စေမည်ဖြစ်သည်။ ဝက်ခြံနှင့် အမာ ရွတ်များကိုကင်းစေပြီး ချွေးပေါက်များကို ကျဉ်းစေကာ အရေပြားတွင်ဖြစ်တတ် သော ရောဂါများမှ ကာကွယ်ပေးသည်။ Free Radical များကြောင့် အစက်အပြောက်များ၊ အရေးအကြောင်းများ၊ အသားအရေ ရောင်ရမ်းခြင်းကဲ့သို့ အရေပြားပျက်စီးမှုများကို လျှော့ချပေးပြီး အရွယ်တင်နုပျိုစေ ရန် အထောက်အကူပေးသည်။ ဆီးဖြူသီးမှုန့်ကိုစားပေးခြင်းဖြင့် အသားဖြူစေခြင်း၊ အရေပြားဓာတ်မတည့်ခြင်းနှင့် နှင်းခူ ရောဂါသက်သာစေရန်လည်း အထောက် အကူပေးသည်။ ဗီတာမင်-C ကြွယ်ဝ သော ဆီးဖြူသီးမှာ အသားအရေကို ကောင်းမွန်စေရန် အထောက်အကူပေး သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များကို သက်သာစေသော ဆီးဖြူသီး
ဆီးဖြူသီးတွင် ဗီတာမင်-C ကြွယ်ဝစွာ ပါဝင်မှုကြောင့် အအေးမိခြင်း၊ ချောင်းဆိုး ခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို သက်သာစေနိုင် သည့် အာနိသင်ရှိသည်။ ဆီးဖြူသီးသည် ကိုယ်ခံအားကိုတိုးစေပြီး တုပ်ကွေး ဖြစ်ခြင်းနှင့် လည်ချောင်းအတွင်း ပိုးကူးစက်မှုများကိုလျော့ပါးစေသည်။ ထို့ ပြင် နာတာရှည်ချောင်းဆိုးခြင်းနှင့် တီဘီ ရောဂါတို့ကို ကုသရာတွင် အထောက် အကူပြုသကဲ့သို့ ပန်းနာရင်ကျပ်ရောဂါ ကိုလည်း သက်သာစေနိုင်သည်။
အရိုးများကိုကြံ့ခိုင်သန်စွမ်းစေသောဆီးဖြူသီး
ဆီးဖြူသီးတွင် ရောင်ရမ်းမှုကိုလျော့ကျ စေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် လေးဖက်နာဝေဒနာသည်များတွင် အရိုး အဆစ်များ ရောင်ရမ်းနာကျင်မှုများကို သက်သာစေသည်။ ဆီးဖြူသီး၏အဆီအနှစ်က အရိုးများကိုပျက်စီးစေနိုင်သည့် Osteoclasts ဆဲလ်များ၏ လုပ်ဆောင်မှု ကို နှေးကွေးစေနိုင်သည်။
အစာကြေစေနိုင်စွမ်းရှိသောဆီးဖြူသီး
ဆီးဖြူသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အူမကြီးနှင့် အစာအိမ် အူလမ်းကြောင်းသန့်ရှင်းအောင် လုပ် ဆောင်ပေးကာ အစာခြေစနစ်ကို အား ဖြည့်ပေးပြီး ခန္ဓာကိုယ်၏အာဟာရဓာတ်စုပ်ယူနိုင်စွမ်းကို တိုးတက်စေသည်။ ဆီးဖြူ သီး၏ချဉ်ပြီးဖန်သည့်အရသာက အစာခြေ အင်ဇိုင်းများထွက်လာအောင် လှုံ့ဆော်ပေးကာ အေးမြပြီးဝမ်းသွားစေနိုင်သည့် အာနိသင်ရှိသောကြောင့် ဝမ်းလျှောခြင်းကို ကုသရာတွင် အသုံးပြုနိုင်သည်။ ထို့ကြောင့် ဆီးဖြူသီးသည် ဝမ်းချုပ်ခြင်းနှင့် အူမကြီး ဆိုင်ရာဝေဒနာများကို သက်သာစေနိုင်သည့် သဘာဝဆေးတစ်မျိုးဖြစ်သည်။
စိတ်ဖိစီးမှုကို သက်သာစေသောဆီးဖြူသီး
ဆီးဖြူသီးက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီးအိပ်ပျော်စေသည့် ဂုဏ်သတ္တိရှိသောကြောင့် ဦးရေပြားကို ဆီးဖြူသီးအဆီလူး ပြီး နှိပ်နယ်ပေးပါက အိပ်ပျော်စေမည်ဖြစ်သကဲ့သို့ ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေသည်။
ကိုယ်ဝန်ဆောင်များအတွက် အာဟာရကြွယ်ဝသောဆီးဖြူသီး
ဆီးဖြူသီးသည် ကိုယ်ဝန်ဆောင်ချိန် တွင် အထူးအကျိုးပြုသော မရှိမဖြစ်လိုအပ် သောအာဟာရများစွာကို ပေးစွမ်းနိုင်သည့် အပြင် ဗီတာမင်-C မြင့်မားစွာပါဝင်မှု ကြောင့် သံဓာတ်စုပ်ယူမှုကို ဟန့်တားပြီးကိုယ်ဝန်ဆောင်ချိန်တွင် အဖြစ်များသည့် သွေးအားနည်းရောဂါ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ ကိုယ်ဝန်ဆောင် ချိန်တွင် မကြာခဏဖြစ်ပေါ်တတ်သည့် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာ များအတွက် အမျှင်ဓာတ်ပါဝင်မှုမြင့်မားသောဆီးဖြူသီးကိုစားခြင်းဖြင့် ဝမ်းချုပ် ခြင်းရောဂါလက္ခဏာများကို သက်သာ စေပြီး ကိုယ်ဝန်ဆောင်ချိန်တွင် အစာခြေ စနစ်ကို ကောင်းမွန်စေသည်။ မိခင်နှင့် ဖွံ့ဖြိုးဆဲသန္ဓေသားကိုကာကွယ်ရန် ကိုယ် ဝန်ဆောင်ချိန်တွင် ခိုင်မာသည့်ကိုယ်ခံ အားစနစ်က မရှိမဖြစ်လိုအပ်ပြီး ဆီးဖြူသီး၏ ကိုယ်ခံအားကိုမြှင့်တင်ပေးသည့် ဂုဏ်သတ္တိများက ကျန်းမာသောကိုယ်ဝန်ရရှိရန် ကူညီပေးနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးဖြူသီးဖျော်ရည်သောက်သုံးခြင်းဖြင့် ကလေး၏မှတ်ဉာဏ်ကို ကောင်း မွန်စေနိုင်သည်။
ဆီးဖြူသီး၏ဘေးထွက်ဆိုးကျိုးများ
ဆီးဖြူသီးသည် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်သော်လည်း တချို့သူများတွင် သွေးထွက်များခြင်းဖြစ်စေနိုင်သောကြောင့်Bleeding disorders ရှိသူများအနေဖြင့် ဇီးဖြူသီးကို ချင့်ချိန်၍စားသုံးသင့်သည်။
အသည်းရောဂါအခံရှိသူများတွင် ရောဂါ ကိုပိုဆိုးစေနိုင်သောကြောင့် မစားသင့် ပေ။ ဆီးဖြူသီးကိုစားသုံးခြင်းဖြင့် ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနှင့် ခွဲစိတ်ကုသမှုခံယူပြီးချိန်တွင် သွေးထွက်များစေနိုင် သောကြောင့် ခွဲစိတ်ကုသမှုမခံယူမီအနည်း ဆုံးနှစ်ပတ်ခန့်မှစ၍ ဆီးဖြူသီးစားခြင်း ကို ရှောင်ကြဉ်ရမည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအနေဖြင့် အစာမကြေ ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်နိုင်သောကြောင့် ဆီးဖြူသီးကို အလွန် အကျွံစားသုံးရန်မသင့်ကြောင်း ရေးသား လိုက်ရပါသည်။
MWD
