ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအား ၇.၄ ရှိ ငလျင်လှုပ်ခတ် ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်
ဖိလစ်ပိုင်နိုင်ငံ Mindanao ကျွန်းအနီးတစ်ဝိုက်တွင် အောက်တိုဘာ ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာသုတေသနအဖွဲ့ (USGS) ငလျင်အချက်အလက် ကွန်ရက် ၏ သတင်းအရ သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းက ဆူနာမီ သတိပေးချက် ထုတ်ပြန် ခဲ့ကြောင်းသိရှိရသည်။ အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၃ မိနစ်တွင် ဖိလစ်ပိုင်နိုင်ငံ ဆန်ဒီရေဂို အရှေ့ပိုင်း ၂၀ ကီလိုမီတာ အကွာ၌ လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၇.၂၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၆.၇၅ ဒီဂရီတွင်ဖြစ်ပြီး ငလျင်အနက်မှာ ၅၈.၁ ကီလိုမီတာ ဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- Xinhua
MM-News-Category
