အီတလီနိုင်ငံတောင်ပိုင်း၌ ပြင်းအား ၆ ဒသမ ၁ ပမာဏ ငလျင်လှုပ်ခတ်

News Image

  • အီတလီနိုင်ငံတောင်ပိုင်း၌ ပြင်းအား ၆ ဒသမ ၁ ပမာဏ ငလျင်လှုပ်ခတ်

ဇွန် ၂

 

အီတလီနိုင်ငံတောင်ပိုင်း ကာလာဘရီယာဒေသကမ်းရိုးတန်းတွင် ယနေ့အစောပိုင်းက ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အီတလီအမျိုးသား ဘူမိရူပဗေဒနှင့် မီးတောင်ဗေဒဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါငလျင်သည် ယနေ့ ဒေသစံတော်ချိန် မနက် ၀၀ နာရီ ၁၂ မိနစ်က မြေအောက်အနက် ၂၅၀ ကီလိုမီတာခန့်တွင်  ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု  ထိုဌာနကပြောကြားသည်။

 

 

ကာလာဘရီယာ၊ စစ္စလီ၊ ကမ်ပန်နီးယားနဲ့ ပူဂလီယာ အပါအဝင် အီတလီတောင်ပိုင်းဒေသအများအပြားတွင် ငလျင်တုန်ခါမှုတွေကို ခံစားခဲ့ရသည်ဟု ဒေသခံမီဒီယာများက ဖော်ပြထားသည်။

 

 

ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေ မရှိသေးကြောင်းနှင့် ဒေသဆိုင်ရာအာဏာပိုင်များက အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

 

 

ဘာသာပြန်-မြင့်မြင့်ချို

MDN