မုံရွာမြို့ရှိ မိုးညှင်းသမ္ဗုဒ္ဓေကပ်ကျော်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

News Image

  • မုံရွာမြို့ရှိ မိုးညှင်းသမ္ဗုဒ္ဓေကပ်ကျော်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မုံရွာ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ မိုးညှင်းသမ္ဗုဒ္ဓေကပ်ကျော်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မိုးညှင်းသမ္ဗုဒ္ဓေ ကပ်ကျော်စေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင် ဦးသက်ဦးထံမှ သိရသည်။ 

မိုးညှင်းသမ္ဗုဒ္ဓေ ကပ်ကျော်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တန်ဆောင်မုန်းလဆန်းတွင် ကျင်းပလေ့ရှိပြီး ပွဲတော်ကို အတီးအမှုတ်၊ အကအခုန် ပွဲလမ်းသဘင်မပါရှိဘဲ မြသပိတ်မည်းဖြင့် ဘုရားဒါယကာရွေးကာ ဆွမ်းတော်ကြီးတင်ပွဲ၊ တရားပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြောင်းသိရသည်။

အရင်တုန်းကတော့ မိုးညှင်းသမ္ဗုဒ္ဓေကပ်ကျော်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာဆိုရင် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူစတဲ့မြို့ကြီးတွေနဲ့ မုံရွာမြို့အနီးဝန်းကျင်က ပင့်သံဃာ အပါး ၁၅၀ လောက် ပင့်ဖိတ်လောင်းလှူပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မုံရွာမြို့ပေါ်နဲ့ အနီးဝန်းကျင်က ပင့်သံဃာ ၇၅ ပါး ပဲ ပင့်ဖိတ်လောင်းလှူခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပင့်သံဃာ အပါး ၈၀ ပင့်ဖိတ်လောင်းလှူဖို့ စီစဉ်နေပါတယ်” ဟု ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင် ဦးသက်ဦးက ပြောပြသည်။ 

မိုးညှင်းသမ္ဗုဒ္ဓေ ကပ်ကျော်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ ဈေးလာရောက်ရောင်းချမည့်သူများအတွက် တန်ဆောင်မုန်းလဆန်း ၉ ရက်တွင် ဆိုင်ခန်းနေရာများကို ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ASH