ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် အသံမစဲပဋ္ဌာန်းပူဇော်ပွဲ ကျင်းပ
ကျောက်ဆည်၊ အောက်တိုဘာ-၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော် ဘုရား ရွှေသိမ်တော်ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီက အသံမစဲပဋ္ဌာန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ပင့်သံဃာဆရာတော်ကြီးများမှ ဗုဒ္ဓ ဝန္ဒနာ ဂါထာတော်ကြီးအား ရွတ်ဆို၍ စေတနာရှင်ပြည်သူများက တိုင်းဒေသကြီး ဩဝါဒစရိယ ရွှေကူညီမိုးကုတ် တရားရိပ်သာကျောင် ဘဒ္ဒန္တဇနိတာဘိဝံသာထံမှ ငါးပါးသီလတရား ခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး တောင်လွှဲကျေးရွာ ကျောင်းကြီးကျောင်း တိုင်းဒေသကြီးဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒကုမ္မာရ ထံမှ ဩဝါဒတရားနာယူကြည်ညိုကြပြီး မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်များဖြစ်သည့် ညောင်ရွှေ ကျေးရွာ၊ ရွှေဆပ်သွားကျောင်းဆရာတော် ဘဒ္ဒန္တခေမာစာရနှင့်ဖျောက်ဆိပ်ပင်ကျေးရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒသာမိ တို့က ဒေဝနိမန္တနဂါထာနှင့် ပဋ္ဌာနဥယျောဇန ဂါထာတော်များအား ရွတ်ဆိုပူဇော်ခဲ့ပြီး ပင့်သံဃာ ဆရာတော်ကြီးများမှ (၂၄)ပစ္စည်းပါဠိပဋ္ဌာန်းတော်ကြီးအား ရွတ်ဆိုပူဇော်ခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)
