ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

News Image

  • ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

ကျောက်ဆည်၊ အောက်တိုဘာ-၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ အဓိဋ္ဌာန်အောင် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား ရွှေသိမ်တော်ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီက (၃၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ သိမ်းအောင်ပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး တောင်လွှဲကျေးရွာ ကျောင်းကြီးကျောင်း တိုင်းဒေသကြီးဆရာတော် ဘဒ္ဒန္တစန္ဒကုမ္မာရ ဆရာတော်မှ ပဋ္ဌာနဝန္ဒာနာ ဂါထာတော် ရွတ်ဖတ်ပူဇော်ခဲ့ပြီး ကျောက်ဆည် တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက မန္တလေးမြို့၊ အောင်မြေသာဇံရပ်ကွက်၊ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့  ဒုတိယဆရာတော် စက်ဝန်းမင်း ကျောင်းတိုက်မှ ဘဒ္ဒန္တပညေသိက ဆရာတော်ထံမှ ငါးပါးသီလတရားနာယူကြည်ကြပြီး ပင့်သံဃာဆရာတော်ကြီးများမှ မေတ္တာသုတ် ပရိတ်တော် အား ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဩဝါဒစရိယ ရွှေကူညီ မိုးကုတ်တရားရိပ်သာကျောင်းမှ ဘဒ္ဒန္တဇနိတာ ဘိဝံသာ ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြပြီး၊ မြို့နယ်သံဃာ့နယကအဖွဲ့ဝင် ဖျောက်ဆိပ်ပင်ကျေးရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒသာမိ နှင့် ညောင်ရွှေကျေးရွာ၊ ရွှေဆပ်သွားကျောင်းဆရာတော် ဘဒ္ဒန္တခေမာစာရ တို့က အနုမောဒနာတရားနှင့် ဒေဝနိဝတ္တနဂါထာတော်များ ရွတ်ဆိုပူဇော်ခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင် ပြည်သူများက မန္တလေးတိုင်း ဒေသကြီးသံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ပင့်သံဃာ(၆၆)ပါး၊ အာဂန္တု(၁၀)ပါး၊ သီလရှင်(၁၄)ပါး၊ သီလရှင်(၃၉)ပါး တို့အား ဆွမ်းဆန်းစိမ်းများနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)