ကျောက်ဆည်မြို့တွင် (၆၅) ကြိမ်မြောက်ရတနာသုံးပါးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

News Image

  • ကျောက်ဆည်မြို့တွင် (၆၅) ကြိမ်မြောက်ရတနာသုံးပါးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 ကျောက်ဆည်၊ နိုဝင်ဘာ-၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံဃာတော်များ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆွမ်း၊ ကွမ်းပြည့်စုံပြီး အဆင်ပြေစေရေး ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေများ၊ ဝတ္ထုပစ္စည်းများ လောင်းလှူသည့် ရတနာသုံးပါးပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာ နံနက် (၇) နာရီက ဖောင်ရွာရပ်ကွက်၊ “ဝေဘူချောင်” သာသနာ့နယ်မြေကျောင်းဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စတုတ္ထဝေဘူဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာ(၁၅၀၀)ပါး၊ သီလရှင် (၄၈၈)ပါး၊ ယောဂီ(၂၈)ဦးနှင့် အာဂန္တုသံဃာနှင့်သီလရှင် (၁၆၃) ပါး တို့အား ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော် နှင့် ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ အခြေခံပညာကျောင်းများ၊ ဝေဘူဆရာတော်ကြီး၏ တပည့်ဒါယိကာ/ ဒါယိကာမ များ၊ ရပ်ကွက်/ကျေးရွာများမှအလှူရှင်မှ အလှူမဏ္ဍပ် (၄၂၀)ခုဆောက်လုပ်ပြီး ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေ၊ ဝတ္ထုပစ္စည်း စုပေါင်းတန်ဖိုး (၈၂၆၆၁၄၃၀၀)ကျပ်အား စုပေါင်းလောင်းလှူခဲ့ကြောင်းနှင့် ပင့်သံဃာများ၊ သီလရှင် များအား အာရုံဆွမ်း၊ နေ့ဆွမ်း အခက်အခဲမရှိစေရေး ပဲထမင်း၊ ဒံပေါက်၊ ရိုးရိုးထမင်းဖြူ၊ ဆွမ်းဟင်းမျိုးစုံတို့ဖြင့် နိဗ္ဗာန်ဈေး ပြုလုပ်၍ နှစ်သက်ရာဆွမ်းဘုဉ်းပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်းလောင်းလှူပွဲအပြီးတွင် အလှူရှင်များက (၁၇) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရေဦးဆရာတော် “ဘဒ္ဒန္တသေဌဉာဏာလင်္ကာရ အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလတရာ ခံယူ ဆောက်တည်ကြပြီး၊ ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာနှင့် ရေစက်သွန်းချတရား ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)