သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးထွန်း ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများ ပြန်လည် ပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများလှူဒါန်း

News Image

  • သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးထွန်း ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများ ပြန်လည် ပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများလှူဒါန်း

ကျောက်ဆည်၊ နိုဝင်ဘာ-၁၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအေးထွန်းသည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ(၁၃)ရက် မွန်းလွဲ(၁)နာရီခွဲက ဆည်တော်နံရွှေမုဋ္ဌောဘုရားရင်ပြင်တော်ရှိဓမ္မာရုံ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်း တောင်ပေါ်ရှိ ဆုတောင်းပြည့် ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ဂေါပကအဖွဲ့ထံသို့ အလှူငွေ (၂၀၀) သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆည်တော်နံ ရွှေမုဋ္ဌော ဘုရားကြီး၏ ဦးစီးနာယကပဓာန ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစက ကဏ္ဍိတထံမှ ဩဝါဒကထာနာယူကြည်ညိုပြီး ဒုတိယဝန်ကြီးဦးအေးထွန်းက ဆရာတော်ကြီးများထံသို့ လှူဖွယ်ပစ္စည်းများနှင့် ရွှေသာလျောင်းဂေါပကအဖွဲ့ထံသို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ဆုတောင်းပြည့်ဘုရားကြီး ပြန်လည်ပြုပြင် မွမ်းမံ နိုင်ရေး အလှူငွေ(၂၀၀)သိန်းကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက်  ဒုတိယဝန်ကြီးက သာသနာရေး ဆိုင်ရာများလျှောက်ထားခဲ့ပြီး ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစက ကဏ္ဍိတဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာနှင့် ရေစက်သွန်းချတရား ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေသာလျောင်းတောင်ပေါ်ရှိ ဆုတောင်းပြည့်ပင်မစေတီတော်ကြီးသည် ငလျင်လှုပ်ခတ်မှုကြောင့် ဖောင်းရစ် နေရာမှပြိုကျခြင်း၊ အရံစေတီ (၁၁) ဆူ ပြိုအက်မှုများဖြစ်ပေါ်ခြင်း၊ သာသနိက အဆောက်အဦ (၈) ခု ပြိုအက်ခြင်းနှင့် ဘုရားရင်ပြင်တော် (၂) နေရာ နိမ့်ကျွံခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)