ကျောက်ဆည်မြို့၌ အခြေခံပညာအလယ်တန်း၊ မူလတန်းဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်
ကျောက်ဆည်၊ နိုဝင်ဘာ-၁၄
မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်း/ မူလတန်းအဆင့် ဆရာ/ဆရာမများ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်စေရေး နိုဝင်ဘာ(၁၄)ရက်နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာအလယ်တန်း၊ မူလတန်း ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ခဲ့ပြီး သင်တန်းကိုဆက်လက်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာအလယ်တန်းအဆင့်တွင် သင်တန်းမှူး/ ကြီးကြပ်၊ ရုံးအဖွဲ့ (၃)ဦး၊ သင်တန်းနည်းပြ(၂၄)ဦး၊ သင်တန်းသား/သင်တန်းသူ(၃၀၄)ဦး၊ အခြေခံပညာမူလတန်းအဆင့်တွင် သင်တန်းမှူး/ ကြီးကြပ်ရုံးအဖွဲ့(၅)ဦး၊ သင်တန်းနည်းပြ(၇၀)ဦး၊ သင်တန်း သား/သင်တန်းသူ(၁၁၅၈)ဦးတို့ဖြင့် သင်တန်းဖွင့်လှစ် ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ နိုဝင်ဘာ(၁၄)ရက်မှ (၁၆)ရက်နေ့အထိ (၃)ရက်အကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ သင်ယူ တတ်မြောက်မှု စွမ်းရည်မြင့်မားခြင်း၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှု နယ်ပယ်များအလိုက် ထိရောက် အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်ခြင်း၊ တတ်မြောက်မှုများကို စစ်ဆေးတိုင်းတာရာ၌ မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မြော်မြင်မှုစွမ်းရည်များကို ဖော်ပြသော စစ်ဆေး တိုင်းတာမှုဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
