ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပ

News Image

  • ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပ

ဆိပ်ဖြူ   နိုဝင်ဘာ   ၂၈

     မကွေးတိုင်းဒေသကြီး  ဆိပ်ဖြူမြို့နယ် အခြေခံပညာအထက်ကျောင်း၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို နိုဝင်ဘာလ၂၈ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ     မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးနိုင်မင်း ထွန်းနှင့်အဖွဲ့ဝင်   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်တင်တို့က အမှာစကား ပြောကြားသည်။   ထို့နောက်  မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ  ပညာရည်မြင့်မားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြား သင်ယူမှုလုပ်ငန်းအောင်မြင်ရေး ဆောင် ရွက်ခဲ့မှုအခြေအနေများ၊   တက္ကသိုလ် ဝင်စာမေးပွဲ      အောင်ချက်မြင့်မားရေးအတွက်   စီမံဆောင်ရွက်ထားရှိမှုအခြေ အနေများ၊   တက္ကသိုလ်ဝင်စာမေးပွဲတွင်ကျောင်းသား၊  ကျောင်းသူများ  ဖြေဆိုရ မည့်နည်းလမ်းများနှင့် သိသင့်သိထိုက် သည့်အကြောင်းအရာများကို  ပြောကြားသည်။

ယင်းနောက် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ  ကျောင်းအုပ်ဆရာ ကြီး၊   ဆရာမကြီးများ၊ ဘာသာရပ်သင် ဆရာ၊    ဆရာမများနှင့်   ကျောင်းသား၊ ကျောင်းသူများက၂၀၂၅- ၂၀၂၆ ပညာသင်နှစ်   တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက်   ဆွေးနွေးကြပြီး   မြို့နယ်စီမံခန့်ခွဲရေးနှင့်   အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ  လိုအပ်သည်များ     ပံ့ပိုး ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

MWD