အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု G ပွဲစဉ် တိုက်ရိုက် ထုတ်လွှင့်မည်

News Image

  • အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု G ပွဲစဉ် တိုက်ရိုက် ထုတ်လွှင့်မည်

နေပြည်တော်  နိုဝင်ဘာ  ၂၇

     ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု G ပွဲစဉ်များကို မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ်  ရန်ကုန်မြို့   သုဝဏ္ဏအားကစားကွင်း၌ နိုဝင်ဘာလ ၂၂ ရက်မှ ၃၀ ရက်အထိ လက်ခံ ကျင်းပလျက်ရှိရာ နိုဝင်ဘာလ ၂၈ ရက် (ယနေ့) ညနေ ၄  နာရီတွင် မြန်မာ U-17 အမျိုးသား ဘောလုံးအသင်းနှင့်  အိုမန် U -17 အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို  ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live)ထုတ်လွှင့် ပြသမည်ဖြစ်သည်။ 

MWD