အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (G) ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

News Image

  • အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (G) ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်   နိုဝင်ဘာ  ၂၉

     ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(G)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ နိုဝင်ဘာလ ၂၂ ရက်မှ ၃၀ ရက်အထိ လက်ခံကျင်းပလျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက် (ယနေ့)ညနေ ၄  နာရီတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် ဆီးရီးယား U -17 အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှစတင်၍ MRTV HD Channel၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live)ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။

MWD