(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်

News Image

  • (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်

ရန်ကုန်  ဒီဇင်ဘာ    ၁ 

ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်  အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

ပြိုင်ပွဲဝင်မည့်   မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင်   အုပ်ချုပ်သူ- ဦးကြည်လွင်၊ နည်းပြချုပ်- ယုကီတက်ဆုရို (ဂျပန်)၊ လ/ထနည်းပြ- ဒေါ်သက်သက်ဝင်း၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သူဇာထွေး ဂိုးနည်းပြ- ဦးစိန်အေး၊ အားကစားသမားများအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ အိစန္ဒာဇော် (ဧရာဝတီ)၊  နောက်တန်း-ဇွန်ယုယဦး (ဧရာဝတီ)၊ ဖြူဖွေး (ရန်ကုန်ယူနိုက်တက်)၊ ယုယုနိုင်(ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး (အား/ကာသိပ္ပံ)၊  သန်းသန်းနွယ် (အား/ကာသိပ္ပံ)၊ နှင်းပွင့်အေး (အား/ကာသိပ္ပံ)၊ မေသက်မွန်မြင့်(သစ္စာအားမာန်)၊ အလယ် တန်း-လင်းမြင့်မိုရ်(အား/ကာသိပ္ပံ)၊ ဖြူဖြူဝင်း (ဧရာဝတီ)၊ နော်ထက်ထက်ဝေ (ဧရာဝတီ)၊ ခင်မိုမိုထွန်း  (သစ္စာအားမာန်)၊  ၀င်းဝင်း (သစ္စာအားမာန်)၊   ရွှေရည်ထွန်း(အား/ကာသိပ္ပံ)၊ ခင်မာလာထွန်း(အား/ကာသိပ္ပံ)၊ ရူပါခိုင် (ရှမ်းယူနိုက်တက်)၊ ယွန်းဝတီလှိုင် (ရန်ကုန်ယူနိုက်တက်)၊  ရှေ့တန်း-၀င်းသိင်္ဂီထွန်း(ဆာဘား-မလေးရှား)၊ စန်းသော်သော် (ဧရာဝတီ)၊ မြတ်နိုးခင် (သစ္စာအားမာန်)၊ မေထက်လူ (SFVFC-အမေရိကန်) တို့ ပါ၀င်ကြသည်။

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် အိမ်ရှင်ထိုင်း၊ တီမော၊ အင်ဒိုနီးရှား၊ အုပ်စု (B)တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့်မလေးရှားအသင်းတို့ ပါ၀င်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာလ ၅ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာလ ၈ ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

MWD