အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု B ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် ဒီဇင်ဘာ ၆
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု B ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီခွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီး ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Entertainment Channel ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။
MWD
MM-News-Category
