စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

News Image

  • စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကျောက်ဆည် ၊ ဒီဇင်ဘာ-၅

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီခွဲ က အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ငယ်ရွယ်စဉ်အချိန်မှ၍ စာပေများဖတ်ရှုစေလိုကြောင်း စာပေဖတ်ရှုခြင်းဖြင့် ယဉ်ကျေး သိမ်မွေ့ခြင်း၊ အတွေးအခေါ်မြင့်မားခြင်း၊ စဉ်းစားနိုင်မှုကောင်းပြီး အမှားအမှန်ကို ကောင်းစွာဆုံးဖြတ်နိုင်ခြင်း စသည့် စာပေ၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ 

ထို့နောက် ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများပြုလုပ်ခဲ့ရာ မုံပေါင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း မှ ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

          

                                                                                                      သက်မောင်(ကျောက်ဆည်)