GLP-1 RA အုပ်စုဝင်ဆေးများသုံးစွဲသူ ပုံစံ-၂ ဆီးချိုရောဂါလူနာများ၌ နာတာရှည်ချောင်းဆိုးမှုကို ရင်ဆိုင်ရနိုင်

News Image

  • GLP-1 RA အုပ်စုဝင်ဆေးများသုံးစွဲသူ ပုံစံ-၂ ဆီးချိုရောဂါလူနာများ၌ နာတာရှည်ချောင်းဆိုးမှုကို ရင်ဆိုင်ရနိုင်

နယူးယောက် ဒီဇင်ဘာ ၉

GLP-1 RA အုပ်စုဝင် ဆေးများ သုံးစွဲသူ ပုံစံ-၂ ဆီးချိုရောဂါလူနာ များ၌ နာတာရှည်ချောင်းဆိုးမှု ကို ရင်ဆိုင်ရနိုင်ခြေရှိကြောင်း သုတေသနပညာရှင်များ၏အဆိုကို ကိုးကား၍ ဒီဇင်ဘာ ၈ ရက် သတင်းများတွင် ရေးသား ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း တက္ကသိုလ်မှ သုတေသနပညာရှင် များသည် GLP- 1 RA အုပ်စုဝင် ဆေးသုံးစွဲနေရသော ပုံစံ-၂ ဆီးချို လူနာများနှင့် အခြားဆီးချိုဆေး သုံးစွဲနေရသူပုံစံ-၂ ဆီးချိုလူနာများ ကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ GLP-1 RA ဆေးသုံးစွဲသူ ပုံစံ-၂ ဆီးချိုရောဂါ လူနာများသည် အခြားဆီးချိုဆေ သုံးစွဲနေရသူများထက် နာတာရှည် ချောင်းဆိုး ဝေဒနာခံစားရနိုင်ခြေ သိသိသာသာပို၍မြင့်မားကြောင်း၊ သို့ရာတွင် GLP-1 RA ဆေးများ နှင့် ပုံစံ-၂ ဆီးချိုရောဂါလူနာများကြား နာတာရှည်ချောင်းဆိုး ဝေဒနာခံစားရနိုင်ခြေ မြင့်တက် လာမှုတို့ကြား မည်သို့မည်ပုံ ဆက်စပ်နေသည်ကို မသိရသေး ကြောင်း သိရသည်။

GLP-1 RA အုပ်စုဝင်ဆေး များသည် သွေးအတွင်း သကြား ဓာတ်ပါဝင်မှုအဆင့်ကို ထိန်းထား ရန်နှင့် ကိုယ်အလေးချိန်ကိုလျှော့ချရန် ပုံစံ-၂ ဆီးချိုလူနာများနှင့် အဝလွန်သူများ သုံးစွဲနေကြသည့် ဆေးဖြစ်ကြောင်း သိရသည်။

ရတနာပုံ