မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အုပ်စုနောက်ဆုံးပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိ

News Image

  • မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အုပ်စုနောက်ဆုံးပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိ

ရန်ကုန်    ဒီဇင်ဘာ ၁၀

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)   အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ် အတွက်       မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည်   ဗီယက်နမ် အမျိုးသမီးအသင်းနှင့်        ပွဲစဉ်မတိုင်မီ  ဒီဇင်ဘာလ ၁၀  ရက်တွင်   ထိုင်းနိုင်ငံ၌  လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း    သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် အုပ်စု(ခ)ပထမပွဲစဉ်တွင် ဖိလစ်ပိုင် အမျိုးသမီးအသင်းကို  ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိပြီး  ဒုတိယပွဲစဉ်တွင် မလေးရှားအသင်းကို    ၃ ဂိုး ဂိုးမရှိဖြင့်    အနိုင်ရရှိထားခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် လက်ရှိတွင် အုပ်စု(ခ)၌ နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမနေရာ ၌ ရပ်တည်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ဗီယက်နမ် အမျိုးသမီးအသင်းနှင့်  ယှဉ်ပြိုင်ကစားရ မည်ဖြစ်ကြောင်း သိရသည်။

လူသစ်