ထိုင်းဆီးဂိမ်း၏ လေပစ္စတိုတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မြန်မာကစားသမား ခိုင်ခိုင်ဝေ ဝင်ရောက်ယှဉ်ပြိုင်

News Image

  • ထိုင်းဆီးဂိမ်း၏ လေပစ္စတိုတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မြန်မာကစားသမား ခိုင်ခိုင်ဝေ ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန်   ဒီဇင်ဘာ  ၁၅

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ၏ လေပစ္စတို တစ်ဦးချင်းပြိုင်ပွဲဗိုလ်လုပွဲ စဉ်တွင် မြန်မာကစားသမား ခိုင်ခိုင်ဝေ  ဝင်ရောက်ယှဉ်ပြိုင်ရာ   အဆင့်(၄)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Shooting Range Sports Author- ity of Thailand Bangkok ၌ ကျင်းပရာ သေနတ်ပစ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး မီတာ ၁၀  လေပစ္စတိုတစ်ဦးချင်းပြိုင်ပွဲဗိုလ်လုပွဲစဉ်တွင် မြန်မာကစား သမား ခိုင်ခိုင်ဝေ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

အဆိုပါ   လေပစ္စတိုတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင်   မြန်မာ၊  မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ မှ ကစားသမားရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ခိုင်ခိုင်ဝေက အဆင့် (၄)ရရှိခဲ့သည်။ 

လေပစ္စတိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာကစားသမား ခိုင်ခိုင်ဝေအား     မြန်မာနိုင်ငံ      အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန    ပြည်ထောင်စုကြီးဝန်ကြီး     Jeng Phang နော်တောင်၊  ရန်ကုန်တိုင်းဒေသ ကြီးအစိုးအဖွဲ့ဝင်    လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊    မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဒေါ်ခင်လေးတို့ က  ဂုဏ်ပြုချီးမြှင့်ငွေများ  ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။               

လူသစ်

MWD