ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ အားကစားရုံ(B)နှင့် ဖူဆယ်အားကစားရုံတို့ ပြန်လည်ပြုပြင်နေမှု ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှု

News Image

  • ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ အားကစားရုံ(B)နှင့် ဖူဆယ်အားကစားရုံတို့ ပြန်လည်ပြုပြင်နေမှု ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှု

နေပြည်တော်   ဒီဇင်ဘာ  ၂၄

     မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ် ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ(B)နှင့် ဖူဆယ်အားကစားရုံတို့အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေး သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားရုံ(B)ရှိ Aircon Chilar စက်ခန်း များ၊ Aircon ပိုက်လိုင်းများ၊ Aircon Chilar စက်ခန်းများတွင် စက်ပစ္စည်းများစနစ်တကျ ထိန်းသိမ်းထားရှိမှု၊ အသံစက်ပိုင်း(Sound System) ကောင်းမွန်ရန် အုတ်နံရံပတ်လည် အတွင်း/အပြင် ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ပွဲကြည့်စင်များ၊ ရေလိုင်း၊ မီးလိုင်းသွယ် တန်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး အားကစားရုံများတွင် ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းစာအုပ် Log Book စနစ်တကျ ထိန်းသိမ်းထားရှိရေးနှင့် လိုအပ်သည်များကို  မှာကြားသည်။

ထို့နောက် ဖူဆယ်အားကစားရုံ ပြန်လည် ပြုပြင်ပြီးစီးမှုအခြေအနေကို  ကြည့်ရှုစစ်ဆေးပြီး အားကစားရုံရေရှည်တည်တံ့ စေရေး၊ သဘာဝဘေးအန္တရာယ်ခံနိုင်စေ ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်၊ Portico အဝင်လမ်းများ ကောင်းမွန်စေရေး နှင့် အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက် သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေ ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  စနစ်တကျ  စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

MWD