ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

  • ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် နွားထိုးကြီးမြို့နယ်၊ သာပေါင်းကျေးရွာနေ သန်းစိုးဝင်း(၄၂)နှစ် မောင်းနှင်လာသော HYUNDAI PORTER ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ အိမ်သုတ် ဆေးပုံးများအတွင်း ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြား(တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၀၀၀)အား ဖမ်း ဆီးရမိသဖြင့် သန်းစိုးဝင်း အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

MOHA