တရုတ်နိုင်ငံရဲ့ ဝေဟင်မှာ မောင်းသူမဲ့လေယာဉ် အချင်းချင်း ဆီဖြည့်နိုင်တဲ့ နည်းပညာအသစ်
အခုနောက်ပိုင်း တရုတ်နိုင်ငံက စစ်ရေးနည်းပညာကို အကြီးအကျယ်မြှင့်တင်နေတာဖြစ်ပြီး မကြာသေးခင်ကပဲ မောင်းသူမဲ့လေယာဉ်တစ်စင်းမှ နောက်ထပ် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဝေဟင်မှာ အလိုအလျောက် ဆီဖြည့်ပေးနိုင်တဲ့ စမ်းသပ်မှုကိုအောင်မြင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာမှာ လုပ်နိုင်ခဲတဲ့ နည်းပညာတစ်ခုဖြစ်ပြီး ဒရုန်းတွေရဲ့ ပျံသန်းနိုင်စွမ်းကို များစွာတိုးတက်စေမှာပါ။
ဒီစမ်းသပ်မှုမှာ အဓိကကြုံရတဲ့အခက်အခဲကတော့ လေထဲမှာ တုန်ခါမှုတွေရှိနေတဲ့ကြားက လေယာဉ်နှစ်စင်းရဲ့ တည်နေရာကို တိတိကျကျ ချိတ်ဆက်ဖို့ဖြစ်ပါတယ်။ တရုတ်သိပ္ပံပညာရှင်တွေက ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အဆင့်မြင့်အာရုံခံကိရိယာတွေနဲ့ အလိုအလျောက် ထိန်းချုပ်စနစ်တွေကို အသုံးပြုခဲ့ကြပါတယ်။
အဲဒီနည်းပညာကြောင့် မောင်းသူမဲ့လေယာဉ်တွေဟာ မြေပြင်ကိုပြန်ဆင်းစရာမလိုဘဲ လေထဲမှာတင်ဆီဖြည့်ပြီး ခရီးဝေးတွေ သွားနိုင်တော့မှာဖြစ်သလို စစ်ဆင်ရေးတွေကိုလည်း အချိန်ကြာမြင့်စွာ လုပ်ဆောင်နိုင်တော့မှာပါ။ ဒါဟာ တရုတ်တပ်မတော်အတွက် မဟာဗျူဟာမြောက် အားသာချက်တစ်ခုဖြစ်လာမှာ သေချာပါတယ်။ အခုစမ်းသပ်မှုက နည်းပညာကို အတည်ပြုနိုင်ဖို့ အတွက်သာဖြစ်ပါတယ်။
MWD
