(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲနှင့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

News Image

  • (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲနှင့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဇန်နဝါရီ ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များနှင့် လွန်ဆွဲ (အမျိုး

သား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက် ၇ နာရီမှစတင်ကာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် (၄)တို့၌   ကျင်းပသည်။

ပြိုင်ပွဲ   ပွဲစဉ်များကို   ဌာနဆိုင်ရာတာဝန်ရှိသူများ၊    ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် အားကစားဝါသနာရှင်များလာရောက်ကြည့်ရှုအားပေးကြသည်။

လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ဝန်ကြီးဌာနပေါင်းစုံ   ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၃၉)မှတ်(၁)မှတ်ဖြင့် လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာန အသင်းကို အမှတ်(၄၀)မှတ်(၂)မှတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၁၈)မှတ်(၄)မှတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက  ပြည်ထောင်စုရာထူးဝန်အဖွဲ့ အသင်းကို   (၃၃)မှတ် (၃)မှတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်းဝန်ကြီးဌာန အသင်းကို (၁၆)မှတ် အမှတ်ပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

အလားတူ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊     ဥပဒေရေးရာဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်း ဝန်ကြီးဌာနအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက  လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက    ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို   နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းကို   နှစ်ပွဲပြတ်ဖြင့်လည်းကောင်း   ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားရာတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန   အသင်းက ပြန်ကြားရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို    နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက  တရားလွှတ်တော်ချုပ်ရုံးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက   နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီမှ စတင်ကာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ်   နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့က  ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထို့အတူ လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ နံနက် ၈ နာရီမှစတင်ကာ   ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနအသင်း၊   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအသင်း၊     အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ်   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်နှင့်  ခရီးသွားလာရေး ဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဌာနအသင်း၊    ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်     မည်သူမဆို အခမဲ့   လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                   

မြဝတီ