ကျောက်ဆည်ခရိုင်အားကစားကွင်း၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပ၊ ဆုများချီးမြှင့်

News Image

  • ကျောက်ဆည်ခရိုင်အားကစားကွင်း၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကား သိုက်မြုက်စွာ ကျင်းပ၊ ဆုများချီးမြှင့်

ကျောက်ဆည်  ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အားကစားကွင်း၌  ၂၀၂၆ ခုနှစ် (၇၈)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို နံနက် ၈ နာရီက စတင်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ထူးချွန်သူ များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရ သည်။ 

အားကစားပြိုင်ပွဲများကို ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသား/ အမျိုးသမီး မီတာ ၁၀၀၊ ဂုန်နီအိတ်စွပ်၊ ပူးပေါင်းဖောက်၊ လွန်ဆွဲပြိုင်ပွဲများနှင့် အမျိုးသား ခေါင်းအုံးရိုက်၊ အမျိုးသမီး ထုပ်ဆီးထိုး၊ အာလူးကောက် ပြိုင်ပွဲများကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြင့်မြင့်ထူးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)