MFF U16/U19 Youth Futsal League 2026 ဖွင့်ပွဲကျင်းပ (ရန်ကုန်)

News Image

  • MFF U16/U19 Youth Futsal League 2026 ဖွင့်ပွဲကျင်းပ (ရန်ကုန်)

MFF U16/U19 Youth Futsal League 2026 ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ MFF Futsal Stadium (သုဝဏ္ဏ)၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အထောက်အကူပြု ဘောလုံးများကို ပေးအပ်ကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က Football For Schools Program အတွက် ဘောလုံး ၅၀၀၀ ကို ပေးအပ်လှူဒါန်းသည်။

ယင်းနောက် MFF U16/U19 Youth Futsal League 2026 ၏ ပထမပွဲစဉ်အဖြစ် YCDC Dream Team FC အသင်းနှင့် YRG FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ MFF U16/U19 Youth Futsal League 2026 ကို ပြိုင်ပွဲဝင်အသင်း ၂၄ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား ၃၃၆ ဦးဖြင့် မေလ ၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

MWD