ပရီးမီးယားလိဂ်ပြိုင်ပွဲ စပိန်လာလီဂါပြိုင်ပွဲနှင့် အီတလီစီးရီးအေပြိုင်ပွဲများ ပွဲကြိုသုံးသပ်ချက်

News Image

  • ပရီးမီးယားလိဂ်ပြိုင်ပွဲ စပိန်လာလီဂါပြိုင်ပွဲနှင့် အီတလီစီးရီးအေပြိုင်ပွဲများ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း Vs အာဆင်နယ်

 

ကစားမည့် ရက် / အချိန်

(၁၀-၅-၂၀၂၆ ရက် ည ၁၀:၀၀နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

            အာဆင်နယ်     ၂          -           ၀          ဝက်စ်ဟမ်း

            အာဆင်နယ်     ၀          -           ၁          ဝက်စ်ဟမ်း

            ဝက်စ်ဟမ်း       ၂          -           ၅          အာဆင်နယ်

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

ဝက်စ်ဟမ်း       ဝေး(သရေ)       အိမ်(နိုင်)          ဝေး(သရေ)

အာဆင်နယ်     ဝေး(သရေ)       အိမ်(နိုင်)          အိမ်(နိုင်)

ခန့်မှန်းရလဒ်

ဝက်စ်ဟမ်း ၁ - ၂ အာဆင်နယ်

ဝက်စ်ဟမ်းအသင်းက  တန်းဆင်းဇုန်ထဲရောက်နေလို့      ရမှတ်လိုအပ်ချက်ရှိနေတယ်ဆိုပေမယ့် ခြေစွမ်းပိုင်းက မတည်မငြိမ် ဖြစ်နေဆဲဖြစ်ပြီး ရလဒ်ပိုင်း အတက်အကျမြန်နေပါတယ်။       ဝက်စ်ဟမ်းအသင်းက    ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ပြီးတော့   တန်းဆင်းဇုန်မှာ အတူတူရုန်းကန်နေရတဲ့ စပါးအသင်းကို ရမှတ်ဖြတ်တောက်နိုင်မယ့် အခွင့်အရေးလွဲချော်ခဲ့တဲ့အပြင် တန်းဆင်းဇုန်ထဲကို   ပြန်လည်ရောက်ခဲ့ရပါတယ်။  ဝက်စ်ဟမ်းအသင်းရဲ့ ဒီဘောလုံးရာသီ     လိဂ်အိမ်ကွင်းစွမ်းဆောင်ရည် ပိုင်းကို      ကြည့်မယ်ဆိုရင်   ၁၇ ပွဲကစားပြီးချိန်မှာ ငါးပွဲအနိုင်ရရှိပြီး    လေးပွဲသရေရလဒ်နဲ့   ရှစ်ပွဲ ရှုံးနိမ့်ထားလို့ ခြေစွမ်းပိုင်းက အားရစရာ မကောင်း တာကို တွေ့ရမှာပါ။ ဝက်စ်ဟမ်းအသင်းခံစစ်ပိုင်းကလည်း ပွဲစဉ်တိုင်းနီးပါးဂိုးပေးခဲ့ရတဲ့အထိ ကျဆင်းနေလို့ အာဆင်နယ်အသင်းတိုက်စစ်ပိုင်းကို ထိန်းချုပ် ရခက်ခဲမှာပါ။

ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနဲ့ အားပြိုင်နေရတဲ့ အာဆင်နယ်အသင်းက   လက်ကျန်ပွဲစဉ် အားလုံး အနိုင်ရလဒ် လိုအပ်နေပါတယ်။ အာဆင်နယ်အသင်းက    မန်စီးတီးအသင်းကိုရှုံးနိမ့်ပြီးနောက် နှစ်ပွဲဆက်နိုင်ပွဲပြန်ရယူနိုင်ခဲ့ကာ ချန်ပီယံဆု အတွက် မန်စီးတီးအသင်းထက်   အခြေအနေကောင်းတစ် ရပ်ကိုပိုင်ဆိုင်နေပါတယ်။   အာဆင်နယ်အသင်း ချန်ပီယံဆုအတွက်ဆိုရင်       လက်ကျန်သုံးပွဲမှာ သရေရလဒ်တောင်ထွက်ပေါ်လို့မရဘဲ   ပွဲစဉ်တိုင်း အနိုင်ရရှိမှသာဆွတ်ခူးနိုင်မှာ ဖြစ်လို့        အမှားခံ မှာမဟုတ်ပါဘူး။    ဒါပေမဲ့    ပြိုင်ဘက်အသင်းက လန်ဒန်မြို့ခံပြိုင်ဘက်အသင်းဖြစ်သလို တန်းဆင်း ဇုန်ဖိအားရှိနေတဲ့ အသင်းဖြစ်လို့     အလွယ်တကူ အသာစီးရယူဖို့အတွက်ခက်ခဲနေမှာပါ။ အာဆင်နယ် အသင်းရဲ့    အဝေးကွင်းခြေစွမ်းပိုင်းကိုကြည့်မယ် ဆိုရင်လည်း  ၁၇ ပွဲမှာ ကိုးပွဲနိုင်၊  ငါးပွဲသရေ၊ သုံးပွဲ ရှုံးရလဒ်ရရှိထားပြီး    အဝေးကွင်းစွမ်းဆောင်ရည်ပိုင်း အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတာကို တွေ့ရမှာပါ။

ဒီနှစ်သင်းကြား  ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာတော့ အာဆင်နယ်အသင်းက ၂၂ ကြိမ်  အနိုင်ရရှိ ထားပါတယ်။  ဝက်စ်ဟမ်းအသင်းက ငါးကြိမ်အနိုင်ရရှိ ပြီး လေးကြိမ်သရေရလဒ်ထွက်ပေါ်ထားလို့ အာဆင်နယ်အသင်းက   အသာစီးမှာရှိနေသလို   လက်ရှိ ခြေစွမ်းပိုင်းအရ ဒီပွဲမှာ အာဆင်နယ်အသင်းပဲ အနိုင် ရယူသွားမှာပါ။

 

ဘာစီလိုနာ ‌Vs ရီးယဲလ်မက်ဒရစ်

ကစားမည့် ရက် / အချိန်

(၁၁-၅-၂၀၂၆ ရက် နံနက် ၁:၃၀နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

            ဘာစီလိုနာ       ၃          -           ၂          ရီးယဲလ်မက်ဒရစ်

            ရီးယဲလ်မက်ဒရစ်          ၂          -           ၁          ဘာစီလိုနာ

            ဘာစီလိုနာ       ၄          -           ၃          ရီးယဲလ်မက်ဒရစ်

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

ဘာစီလိုနာ        အိမ်(နိုင်)           ဝေး(နိုင်)           ဝေး(နိုင်)

ရီးယဲလ်မက်ဒရစ် အိမ်(နိုင်) ဝေး(သရေ) ဝေး(နိုင်)

ခန့်မှန်းရလဒ်

ဘာစီလိုနာ ၃ - ၁ ရီးယဲလ်မက်ဒရစ်

အခုပွဲစဉ်မှာ သရေရလဒ်ရရှိမယ်ဆိုရင်တောင် ချန်ပီယံဆုဆွတ်ခူးနိုင်မှာဖြစ်တဲ့ ဘာစီလိုနာအသင်း က  အခါးသီးဆုံးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်း နဲ့ပွဲစဉ်အပြီး  ချန်ပီယံဆုအတွက် အောင်ပွဲခံဖို့ အိမ် ကွင်းမှာ အကောင်းဆုံးပြင်ဆင်လာမှာပါ။ နောက် ဆုံးကစားခဲ့တဲ့ငါးပွဲဆက် နိုင်ပွဲရယူထားပြီး     ပုံစံ ကောင်းရှိနေတဲ့ ဘာစီလိုနာအသင်းက  အိမ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းကို  အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။ ဘာစီလိုနာအသင်းရဲ့ ဒီဘောလုံး ရာသီ လိဂ်အိမ်ကွင်း ၁၇ ပွဲကစားပြီးချိန်မှာ ၁၇ ပွဲ စလုံးအနိုင်ရရှိခဲ့တဲ့အထိ  ရာနှုန်းပြည့်နိုင်ပွဲရယူထားပါတယ်။ ဘာစီလိုနာအသင်းတိုက်စစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးသွင်းအားကောင်းနေလို့ လိုအပ်ချက်တွေရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်း ခံစစ်ပိုင်းကို   အကောင်းဆုံးဖိအားပေးကစားနိုင်ပါ လိမ့်မယ်။  ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းက အိမ်ကွင်း ၁၇ ပွဲမှာ    ၅၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိ ထက်မြက်မှု ရှိနေတာတွေ့ရမှာပါ။

ရီးယဲလ်မက်ဒရစ်အသင်းကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေကြောင့် ရလဒ်ပိုင်းတွေဆိုးရွားနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လည်း အသင်းကစားသမားတွေကြား အချင်းများ မှုတွေရှိနေကာ ကွင်းပြင်ပမှာပြဿနာတွေတက်နေ ပါတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းခြေစွမ်း ပိုင်းကလည်း ဘာစီလိုနာအသင်းကို ပွဲချိန်ပြည့်ထိန်း ချုပ်ကစားနိုင်ဖို့အတွက် လိုအပ်ချက်ရှိနေမှာအမှန် ပါပဲ။ ရီးယဲလ်မက်ဒရစ်အသင်းက နောက်ဆုံးကစား ခဲ့တဲ့ ငါးပွဲမှာ နှစ်ပွဲသာအနိုင်ရရှိခဲ့တဲ့အထိ တည်ငြိမ်မှု အားနည်းနေတာကို တွေ့ရမှာပါ။  ဒီဘောလုံးရာသီ ရီးယဲလ်မက်ဒရစ်အသင်းရဲ့         လိဂ်အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ် ဆိုရင် ၁၇ ပွဲမှာ ၁၀  ပွဲနိုင်၊ လေးပွဲသရေရလဒ်နဲ့  သုံးပွဲရှုံးနိမ့်ခဲ့တာ ကိုတွေ့ရမှာပါ။

ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုအပိုင်းကို ကြည့်မယ်ဆိုရင်   ဘာစီလိုနာအသင်းက ၂၈ ကြိမ် အနိုင်ရရှိထားပါတယ်။  ရီးယဲလ်မက်ဒရစ်အသင်းက ၂၁ ကြိမ်အနိုင်ရရှိပြီး ၁၀ ကြိမ်  သရေရလဒ်ထွက်ပေါ် ထားလို့  ကွာခြားမှုသိပ်မရှိဘူးဆိုပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရရော အိမ်ရှင်အားသာချက်ပါရှိနေတဲ့ ဘာစီလိုနာအသင်းပဲ အနိုင်ရယူပြီး ချန်ပီယံဆုဆွတ် ခူးနိုင်ပါလိမ့်မယ်။

 

 

 

ကစားမည့် ရက် / အချိန်

(၁၁-၅-၂၀၂၆ ရက် နံနက် ၁:၁၅ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

            အတ္တလန္တာ       ၁          -           ၁          အေစီမီလန်

            အေစီမီလန်      ၀          -           ၁          အတ္တလန္တာ

            အတ္တလန္တာ       ၂          -           ၁          အေစီမီလန်

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

အေစီမီလန်      ဝေး(နိုင်)          အိမ်(သရေ)      ဝေး(ရှုံး)

အတ္တလန္တာ       အိမ်(သရေ)      ဝေး(ရှုံး)            အိမ်(သရေ)

ခန့်မှန်းရလဒ်

အေစီမီလန် ၂ - ၁ အတ္တလန္တာ

ပြီးခဲ့တဲ့ပွဲစဉ်မှာရှုံးပွဲတွေ့ကြုံခဲ့တဲ့ အေစီမီလန် အသင်းအနေနဲ့   ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နေရာ အတွက် စိုးရိမ်စရာဖြစ်လာလို့    အခုအိမ်ကွင်းပွဲစဉ် မှာတော့   နိုင်ပွဲပြန်လည်ရယူနိုင်အောင်   သေချာ ပြင်ဆင်လာပါလိမ့်မယ်။ အေစီမီလန်အသင်းက အဆင့်(၃)နေရာမှာ  ရပ်တည်နေတယ်ဆိုပေမယ့် အဆင့်(၅)နေရာက ရိုးမားအသင်းနဲ့ ရမှတ်ကွာဟမှု က သုံးမှတ်တည်းသာရှိနေလို့ ရလဒ်တွေဆက်တိုက် ဆိုးရွားနေမယ်ဆိုရင်  ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်နိုင်လို့   လက်ကျန်ပွဲစဉ်တွေကို  သေချာ ပြင်ဆင်ကစားလာပါလိမ့်မယ်။    ဒီဘောလုံးရာသီ အေစီမီလန်အသင်းရဲ့ လိဂ်အိမ်ကွင်းစွမ်းဆောင်ရည် ပိုင်းမှာတော့     ၁၇ ပွဲကစားပြီးချိန်မှာ   ကိုးပွဲနိုင်၊ ငါးပွဲသရေ၊ သုံးပွဲရှုံးရလဒ်ရရှိထားလို့ အိမ်ကွင်းစွမ်း ဆောင်ရည်ပိုင်းကတော့  ကောင်းမွန်တဲ့အထဲပါနေ ပါတယ်။   အေစီမီလန်အသင်းအတွက်  အခုပွဲစဉ်မှာ သာအနိုင်ရရှိမယ်ဆိုရင်   ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် အတွက်  အတော်လေး အခြေအနေကောင်းမှာဖြစ်လို့     အိမ်ကွင်းမှာ  ရမှတ်ပြည့်ရယူနိုင်ဖို့ အမှားခံ မှာမဟုတ်ပါဘူး။

အတ္တလန္တာအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့  ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးနေပြီး သုံးပွဲသရေ ရလဒ်နဲ့ နှစ်ပွဲရှုံးနိမ့်ခဲ့ပြီး ခြေစွမ်းပိုင်းအတော်လေး ဆိုးရွားနေတာကို တွေ့ရမှာပါ။ အတ္တလန္တာအသင်း အတွက်    ဥရောပဝင်ခွင့်တစ်နေရာရရှိဖို့ကလည်း       မျှော်လင့်ချက်နည်းပါးနေပြီဖြစ်လို့  လက်ကျန်ပွဲစဉ် တွေမှာ ဖိအားမရှိရင်ဆိုင်ရမှာပါ။ အတ္တလန္တာအသင်း ရဲ့  ဒီဘောလုံးရာသီလိဂ် အဝေးကွင်း   စွမ်းဆောင် ရည်ပိုင်းကို ကြည့်မယ်ဆိုရင်  ၁၇ ပွဲမှာ ငါးပွဲအနိုင်ရရှိ ပြီး ခုနစ်ပွဲသရေရလဒ်နဲ့ ငါးပွဲရှုံးနိမ့်ထားလို့ အဝေး ကွင်းဆိုရင် ခြေစွမ်းပိုင်းက စိတ်ချလို့မရပါဘူး။ ဒါ့ပြင် အတ္တလန္တာအသင်းခံစစ်ပိုင်းကလည်း       နောက်ပိုင်း ပွဲစဉ်တွေမှာ   အမှားအယွင်းတွေများနေပြီး ပေးဂိုး တွေများနေလို့ အေစီမီလန်အသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့အတွက်   လိုအပ်ချက်တွေ ရှိနေမှာ အမှန်ပါပဲ။   အတ္တလန္တာအသင်းအတွက်        တန်းဆင်းဇုန်ဖိအားလည်းမရှိတော့ လက်ကျန်ပွဲစဉ် တွေမှာ    သူတို့အတွက် ရလဒ်ပိုင်းက အရေးမကြီး တော့ပါဘူး။

ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုအပိုင်းကို ကြည့်မယ်ဆိုရင်   အေစီမီလန်အသင်းက ၁၀  ကြိမ် အနိုင်ရရှိထားပါတယ်။   အတ္တလန္တာအသင်းက ၁၁ ကြိမ်အနိုင်ရရှိပြီး   ကိုးကြိမ်သရေရလဒ်ထွက်ပေါ် ထားလို့ တွေ့ဆုံမှုပိုင်းကွာခြားမှုမရှိပါဘူး။ ဒါပေမဲ့လက်ရှိခြေစွမ်းပိုင်းနဲ့   ရမှတ်လိုအပ်ချက်ရှိနေတဲ့ အေစီမီလန်အသင်းပဲ အိမ်ကွင်းမှာအနိုင်ရမှာသေချာ ပါတယ်။

စည်သူအောင်

MWD