အကူစက်ရုပ်လောကကို ပြောင်းလဲမယ့် 1X ရဲ့ World Model စနစ်

News Image

  • အကူစက်ရုပ်လောကကို ပြောင်းလဲမယ့် 1X ရဲ့ World Model စနစ်

နော်ဝေနိုင်ငံအခြေစိုက် 1X နည်းပညာကုမ္ပဏီက သူတို့ရဲ့ NEO အမည်ရှိလူပုံစံတူစက်ရုပ်တွေအတွက် အဆင့်မြင့် World Model စနစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်အသစ်ဟာ စက်ရုပ်တွေကို လူသားတွေလိုပဲ ပတ်ဝန်းကျင်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိအောင် ဖန်တီးထားတာပါ။ ဒီစနစ်ကြောင့် NEO စက်ရုပ်တွေဟာ အရာဝတ္ထုတစ်ခုကိုမကိုင်တွယ်ခင်မှာ အဲဒီအရာကို ကိုင်တွယ်လိုက်ရင် ဘာဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကို ကြိုတင်ပုံဖော်ကြည့်နိုင်ပြီး အမှားအယွင်းမရှိအောင်   လုပ်ဆောင်နိုင်စွမ်းရှိလာတာဖြစ်ပါတယ်။

ဒါဟာ စက်ရုပ်နည်းပညာမှာကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။ NEO စက်ရုပ်ဟာ အလေးချိန် ၃၀ ကီလိုဂရမ်ပဲရှိပြီး ဘေးကင်းတဲ့ကြွက်သားစနစ်ကို အသုံးပြုထားတာကြောင့် လူနေအိမ်တွေမှာ အဝတ်ခေါက်တာနဲ့ ပစ္စည်းသယ်တာတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပါတယ်။ စမ်းသပ်ချက်တွေအရ ဒီစက်ရုပ်တွေဟာ အသံနဲ့ခိုင်းတာကိုနားလည်သလို လူသားတွေရဲ့   လှုပ်ရှားမှုကိုကြည့်ရုံနဲ့လည်း ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

1X ကုမ္ပဏီအနေနဲ့ NEO စက်ရုပ်တွေကို ရှေ့ပြေးပုံစံအဆင့်ကနေ လက်တွေ့အသုံးပြုနိုင်တဲ့အဆင့်အထိ ရောက်စေဖို့အတွက်လုပ်ဆောင်နေတာကြောင့်     သူတို့ဟာအိမ်တိုင်းမှာ လူသားတွေနဲ့အတူနေထိုင်ပြီးအိမ်မှုကိစ္စတွေကို ကူညီပေးနိုင်မယ့်စက်ရုပ်တွေဖြစ်လာမှာဖြစ်ပါတယ်။

MWD