နေရောင်ခြည်စွမ်းအင်သုံးပြီး Ariya လျှပ်စစ်ကားရဲ့ မောင်းနှင်နိုင်မှုအကွာအဝေးကိုမြှင့်တင်
ဂျပန်ကားကုမ္ပဏီဖြစ်တဲ့ Nissan ဟာ သူတို့ရဲ့ Ariya လျှပ်စစ်ကားမှာ နေရောင်ခြည်စွမ်းအင်သုံး အမိုးပြားတွေတပ်ဆင်ပြီး ကားမောင်းနှင်နိုင်တဲ့ အကွာအဝေးကို ပိုမိုဝေးလံအောင် မြှင့်တင်ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အခုနည်းပညာက ကားရဲ့အမိုးမှာ ဆိုလာပြားတပ်ဆင်ထားတာဖြစ်ပြီး နေရောင်ခြည်ကနေရရှိလာတဲ့ စွမ်းအင်ကို ကားဘက်ထရီအားသွင်းဖို့ ဒါမှမဟုတ် ကားအတွင်းက လျှပ်စစ်စနစ်တွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။
နစ်ဆန်းရဲ့အဆိုအရ ဒီလို နေရောင်ခြည်စွမ်းအင် အသုံးပြုခြင်းအားဖြင့် တစ်နှစ်ကို ပျမ်းမျှ ကီလိုမီတာရာဂဏန်းကနေ ထောင်ဂဏန်းအထိ အပိုဆောင်း မောင်းနှင်နိုင်စေမယ်လို့ သိရပါတယ်။ ဒါဟာအားသွင်းရုံတွေ မရှိတဲ့နေရာမှာ လျှပ်စစ်ကားမောင်းနှင်ရတဲ့ အခက်အခဲကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်မှာပါ။
လက်ရှိမှာ နစ်ဆန်းကုမ္ပဏီကဒီစနစ်ကို စမ်းသပ်ဖို့အတွက် ရှေ့ပြေးပုံစံကားတွေကို ထုတ်လုပ်ပြီး လက်တွေ့စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ Nissan Leaf မော်ဒယ်မှာလည်း ဆိုလာပြားလေးတွေသုံးခဲ့ဖူးပေမယ့် အခု Ariya မှာတော့ ပိုမိုထိရောက်တဲ့နည်းပညာနဲ့ ကြီးမားတဲ့ဆိုလာပြားကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: AE
ကိုထက်
MWD
