ကျောက်ဆည်မြို့နယ် စင်းကွန်းကျေးရွာ၌ ဆောင်းမြေပဲများ စတင် နုတ်သိမ်းလျက်ရှိ
ကျောက်ဆည် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းသေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထားရှိပြီး စင်းကွန်းကျေးရွာ၌ စိုက်ပျိုးထားသော ဆောင်းမြေပဲသီးနှံများ စတင် နုတ်သိမ်းလျက်ရှိကြောင်း သိရသည်။
စင်းကွန်းကျေးရွာသည် တိုက်နယ် (၂) မှ ကျေးရွာအုပ်စု ၅ အုပ်စု၌ ပါဝင်ပြီး ဆောင်းမြေပဲဧက ၃၀ စိုက်ပျိုးထား ကြောင်း အခြားကျေးရွာအုပ်စုများဖြစ်သည့် ဒါန်းတိုင်ကျေးရွာအုပ်စု၌ ၂၀ ဧက၊ ရန်ဘက်လိုကျေးရွာအုပ်စု၌ ၁၀ ဧက၊ ဘုံကွင်းကျေးရွာအုပ်စု၌ ၂၀ ဧက စုစုပေါင်း ၈၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂) ခု ရှိပြီး ဆောင်းမြေပဲများကို တိုက်နယ် (၁) မှ ကျေးရွာအုပ်စု ၇ အုပ်စု၌ ၃၀ ဧက၊ တိုက်နယ်(၂)မှ ကျေးရွာအုပ်စု ၅ အုပ်စု၌ ၈၀ ဧက၊ တိုက်နယ်(၁၁)မှ ကျေးရွာအုပ်စု ၂၀ ဧကနှင့် တိုက်နယ်(၁၂)မှ ကျေးရွာအုပ်စု ၇ အုပ်စု၌ ၁၆၇ ဧက စုစုပေါင်း ၂၉၇ ဧက စိုက်ပျိုးထားကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)
