ကျောက်ကပ်ရောဂါကြောင့် နှလုံးပျက်စီးရတဲ့အကြောင်းရင်းအသစ်ကိုရှာဖွေတွေ့ရှိ

News Image

  • ကျောက်ကပ်ရောဂါကြောင့် နှလုံးပျက်စီးရတဲ့အကြောင်းရင်းအသစ်ကိုရှာဖွေတွေ့ရှိ

နာတာရှည် ကျောက်ကပ်ရောဂါရှိသူတွေမှာ နှလုံးကိုပျက်စီးစေနိုင်တဲ့ အဆိပ်သင့်အချက်ပြမှုတွေကို ကျောက်ကပ်ကတိတ်တဆိတ်ပေးပို့တာဟာ နှလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ သိပ္ပံပညာရှင်များကတွေ့ရှိပါတယ်။

UVA Health နဲ့ Mount Sinai တို့မှ သုတေသနအဖွဲ့က ကျောက်ကပ်ရောဂါသည်ထက်ဝက်ကျော် အသက်ဆုံးရှုံးရတဲ့ အကြောင်းရင်းကို Circulation သိပ္ပံဂျာနယ်မှာ ဖော်ပြလိုက်တာပါ။ ကျောက်ကပ်ပျက်စီးလာတဲ့အခါ သွေးကြောထဲ Extracellular Vesicles လို့ခေါ်တဲ့ အမှုန်အမွှားတွေကို ထုတ်လွှတ်ပြီး အဲဒီအမှုန်တွေမှာပါဝင်တဲ့ miRNA တွေက နှလုံးတစ်သျှူးတွေကို တိုက်ရိုက်အဆိပ်သင့်စေတယ်ဆိုတာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ သိရပါတယ်။

ကျောက်ကပ်နဲ့ နှလုံးရောဂါဟာ တိတ်တဆိတ်ဖြစ်ပွားလေ့ရှိတာကြောင့် အခုလိုတွေ့ရှိချက်ဟာ လူနာတွေကို ကြိုတင်သိရှိ ကုသဖို့အတွက် အထောက်အကူပြုနိုင်မယ်လို့သုတေသီများကဆိုပါတယ်။ ဓာတ်ခွဲခန်းကြွက်တွေမှာ အဲဒီအမှုန်တွေ စီးဆင်းမှုကို ပိတ်ဆို့လိုက်တဲ့အခါ နှလုံးလုပ်ဆောင်ချက် သိသိသာသာကောင်းမွန်လာတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကြောင့် နောင်မှာ သွေးစစ်ရုံနဲ့ နှလုံးထိခိုက်နိုင်ခြေရှိသူတွေကို စောစောစီးစီးသိနိုင်တော့မှာဖြစ်သလို ကျောက်ကပ်ရောဂါသည်တွေအတွက် ကုသမှုအသစ်တွေပေါ်ပေါက်လာနိုင်ပါတယ်။                

Ref: STD

ကိုထက်

MWD