ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း (၁၀၂) နှစ်ပြည့် အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ကျင်းပ

News Image

  • ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း (၁၀၂) နှစ်ပြည့် အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၈

ရန်ကုန်တက္ကသိုလ်များ  လှေလှော်အသင်း (၁၀၂)နှစ်ပြည့် အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အင်းယားကန်၌ ကျင်းပလျက်ရှိရာ ပြိုင်ပွဲသို့ ရန်ကုန် တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်း သား၊ ကျောင်းသူအားကစားသမား ၁၇၀ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီလ  ၇  ရက်မှစတင်ကာ ဖေဖော်ဝါရီလ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဗိုလ်လုပွဲကို  ဖေဖော်ဝါရီ လ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

မြဝတီ