မြင်းကောင်ရေ ၁၀၀၀ ကျော်အားရှိမယ့် လျှပ်စစ် SUV တွေ ထုတ်လုပ်ဖို့ Mercedes-AMG ပြင်ဆင်နေ

News Image

  • မြင်းကောင်ရေ ၁၀၀၀ ကျော်အားရှိမယ့် လျှပ်စစ် SUV တွေ ထုတ်လုပ်ဖို့ Mercedes-AMG ပြင်ဆင်နေ

နာမည်ကျော် Mercedes-AMG ကုမ္ပဏီဟာ မြင်းကောင်ရေ ၁၀၀၀ ကျော်အထိ အားကောင်းမယ့် အဆင့်မြင့်လျှပ်စစ် SUV ကားအသစ်တွေထုတ်လုပ်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီကားတွေဟာ AMG ရဲ့ ကိုယ်ပိုင်သီးသန့် လျှပ်စစ်ပလက်ဖောင်းဖြစ်တဲ့ AMG.EA ပေါ်မှာ အခြေခံတည်ဆောက်မှာဖြစ်ပြီး လက်ရှိရောင်းအား အကောင်းဆုံးဖြစ်နေတဲ့ SUV ဈေးကွက်ကို လျှပ်စစ်ကားတွေနဲ့ ထပ်မံထိုးဖောက်ဖို့ ရည်ရွယ်ထားတာပါ။

ဒီ SUV အသစ်တွေမှာ မော်တာသုံးလုံးပါဝင်တဲ့စနစ်ကို အသုံးပြုသွားမှာဖြစ်ပြီး ဒါဟာ GT XX concept ကားမှ နည်းပညာကို ယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် အားအမြန်သွင်းနိုင်ဖို့အတွက် 800-volt စနစ်နဲ့ အထူးအအေးပေးစနစ်ပါတဲ့ ဘက်ထရီတွေကိုပါထည့်သွင်းသွားမှာပါ။

Mercedes-AMG ရဲ့ အမှုဆောင်ချုပ် ဖြစ်တဲ့ မိုက်ကယ်ရှီးဘေးကတော့ AMG ရဲ့တစ်ကမ္ဘာလုံးဆိုင်ရာ ရောင်းအားထက်ဝက်ကျော်ဟာ SUV တွေဖြစ်တာကြောင့် လျှပ်စစ်ကားခေတ်မှာလည်း SUV ပုံစံတွေကိုပဲ အားစိုက်ထုတ်ပြီး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။                 

Ref: IE

ကိုထက်