ကနေဒါကျောင်း သေနတ်ပစ်ခတ်မှု အနည်းဆုံး လူ ၁၀ ဦး သေဆုံး

News Image

  • ကနေဒါကျောင်း သေနတ်ပစ်ခတ်မှု အနည်းဆုံး လူ ၁၀ ဦး သေဆုံး

ကနေဒါနိုင်ငံအနောက်ပိုင်း ဗြိတိကိုလံဘီယာပြည်နယ်ရှိ Tumbler Ridge မြို့ရှိ ကျောင်းတစ်ကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ရာ သေနတ်သမား အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြထားပါသည်။

သေဆုံးသူ ၆ ဦးကို ကျောင်းအတွင်း တွေ့ရှိခဲ့ပြီး နောက်ထပ် တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်နေစဉ် လမ်းတွင် သေဆုံးသွားခဲ့ပါသည်။ ထို့ပြင် အနီးအနားရှိ နေအိမ်အဆောက်အအုံတစ်ခုတွင် လူ ၂ ဦး၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ၎င်းတို့၏ သေဆုံးမှုများသည်လည်း ယင်းဖြစ်စဉ်နှင့် ဆက်နွှယ်နေကြောင်း သိရပါသည်။

ထို့အပြင် ဒဏ်ရာရသူ ၂၅ ဦးကို ဆေးကုသမှု ခံယူနေရကြောင်း သိရ ပါသည်။

ကိုးကား - TASS

Photo: Al Jazeera

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃