ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

News Image

  • ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၁၃

      (၇၉)နှစ်မြောက်   ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖလား ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ      ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ ဇွဲကပင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဗိုလ်လုပွဲစဉ်အဖြစ်    ပြည်နယ်ရဲတပ်ဖွဲ့ အသင်းနှင့်   ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်းတို့    ယှဉ်ပြိုင်ကစားကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊  အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲစဉ်အပြီးတွင်   ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိသော ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအသင်းနှင့်   ဘားအံပညာရေးဒီဂရီကောလိပ်အသင်း၊      ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဒုတိယဆုရရှိသော ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့်     ဆုဖလားတို့ကိုပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသည့် ပြည်နယ်ရဲတပ်ဖွဲ့အသင်းကို   တစ်ဦးချင်းဆုတံဆိပ်၊   ငွေသားဆု ငွေကျပ် ငါးသိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို ဘားအံမြို့အမှတ်(၄)ရပ်ကွက် သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု   အက၊  အလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက  တက်ရောက်ကြည့်ရှု အားပေးကာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

MWD