အစ္စရေးရဲ့ စက်ရုပ်ရေဘဝဲက တင့်ကားသန့်ရှင်းရေးကြာချိန်ကို နှစ်ရက်မှ နှစ်နာရီအထိလျှော့ချပေးနိုင်
အစ္စရေးတပ်မတော်က တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကို သန့်ရှင်းရေးလုပ်ရာမှာ အချိန်ကုန်သက်သာစေမယ့် စက်ရုပ်ရေဘဝဲ အမည်ရှိတဲ့ စက်ရုပ်စနစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီနည်းပညာကြောင့် အရင်က နှစ်ရက်လောက်အထိ ကြာမြင့်ခဲ့တဲ့ တင့်ကားသန့်ရှင်းရေးအချိန်ဟာ အခုဆိုရင် နှစ်နာရီအတွင်းမှာတင် ပြီးစီးသွားမှာဖြစ်ပါတယ်။
ဒီစက်ရုပ်ဟာ ရေဘဝဲလက်တံတွေလိုမျိုး ပျော့ပျောင်းသွက်လက်တဲ့ လက်တံများစွာပါဝင်ပြီး တင့်ကားရဲ့လက်လှမ်းမီရခက်တဲ့ အစိတ်အပိုင်းတွေ၊ ရွှံ့တွေနဲ့ ဖုန်မှုန့်တွေကို အလိုအလျောက် သန့်စင်ပေးနိုင်တာပါ။ စစ်မြေပြင်ကပြန်လာတဲ့ တင့်ကားတွေကို ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ လူအင်အားအများကြီးသုံးစရာမလိုဘဲ မြန်မြန်ဆန်ဆန် ပြန်လည်အသုံးပြုနိုင်အောင် ဒီစက်ရုပ်က ကူညီပေးမှာ ဖြစ်ပါတယ်။
ဒီစက်ရုပ်ဟာ တင့်ကားတွေကိုသန့်ရှင်းရေး လုပ်ရုံတင်မကဘဲ ယာဉ်ရဲ့ကိုယ်ထည်မှာ ပျက်စီးယိုယွင်းမှု ရှိ၊ မရှိကိုပါ တစ်ပါတည်း စစ်ဆေးပေးနိုင်တဲ့ အာရုံခံစနစ်တွေ ပါဝင်ပါတယ်။ အခုလက်ရှိမှာတော့ ဒီစက်ရုပ်ရဲ့ ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပြီးစီးသွားပြီဖြစ်လို့ ရှေ့တန်းတပ်စခန်းတွေမှာ မကြာခင်ဖြန့်ကြက်အသုံးပြုသွားဖို့ စီစဉ်နေပါတယ်။
Ref: IE
ကိုထက်
MWD
