ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ရာထူးခန့်အပ်လွှာ ပေးအပ်

News Image

  • ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ရာထူးခန့်အပ်လွှာ ပေးအပ်

ပဲခူး    ဖေဖော်ဝါရီ  ၁၇

      မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဗဟိုအုပ်ချုပ်ရေးအဖွဲ့မှ တရားဝင်အတည်ပြုခန့်အပ်ခြင်း ခံရသောတပ်ဖွဲ့ဝင်  အရာရှိခြောက်ဦးအား ရာထူးခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဗဟိုအုပ်ချုပ်ရေးအဖွဲ့မှ တရားဝင်အတည်ပြုခန့်အပ်ခြင်းခံရသော တပ်ဖွဲ့ဝင်   အရာရှိခြောက်ဦးအား  ရာထူးခန့်အပ်လွှာများကို ပဲခူးတိုင်းဒေသကြီး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များက ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများတွင် ပြည်သူလူထုများအတွက် လူမှုကရုဏာဆိုင်ရာ လုပ်ငန်းများကို စွမ်းစွမ်းတမံ ပူးပေါင်းညှိနှိုင်းပါဝင် ဆောင်ရွက်ပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက  လက်ခံရယူသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး တိုင်းကြက်ခြေနီကြီးကြပ်မှု ကော်မတီအတွက် အလှူရှင်များက အလှူငွေများ အသီးသီးပေးအပ် လှူဒါန်းကြပြီး ရာထူးခန့်အပ်လွှာ ပေးအပ်ခြင်းခံရသည့် တပ်ဖွဲ့ဝင်အရာရှိများ ကိုယ်စား သဲကုန်းမြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်ကျော်က ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ 

MWD