မျိုးဥအိမ်ကင်ဆာရောဂါကို ကုသရာတွင် ကိုလက်စထရောလျှော့ချရေး ဆေးတစ်မျိုးက အထောက်အကူပြုနိုင်

News Image

  • မျိုးဥအိမ်ကင်ဆာရောဂါကို ကုသရာတွင် ကိုလက်စထရောလျှော့ချရေး ဆေးတစ်မျိုးက အထောက်အကူပြုနိုင်

နယူးယောက် မေ ၁၄

အရွယ်ရောက်သူ အမျိုးသမီး သန်းပေါင်းများစွာတို့ သုံးစွဲနေကြသည့် ကိုလက်စထရောလျှော့ချရေး ဆေးတစ်မျိုးသည် မျိုးဥအိမ် ကင်ဆာရောဂါကို ကုသရာတွင် အထောက်အကူပြုနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၁၃ ရက်တွင် ပြောကြားသည်။

မျိုးဥအိမ်ကင်ဆာရောဂါသည် အမျိုးသမီးများကြား အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးဖြစ်ပြီး အချိန်နှောင်းမှ ဖော်ထုတ်တွေ့ရှိရပါက ကုသရန်ခက်ခဲသည့် ကင်ဆာရောဂါ အမျိုးအစားဖြစ်ကြောင်း သိရသည်။

မျိုးဥအိမ် ကင်ဆာရောဂါဖြစ်ပွားသူများတွင် အဓိကရောဂါလက္ခဏာတစ်ရပ်အဖြစ် ဝမ်းဗိုက်အရည်စုစည်းမှုကြောင့် ဖောရောင်မှုပြဿနာ (Ascite) ပေါ်လာတတ်ကြောင်း သိရသည်။

သို့ရာတွင် အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Ascite ပြဿနာမှာ မျိုးဥအိမ်ရောဂါ၏ အဓိက နောက်ခံအကြောင်းတရားတစ်ရပ်ဖြစ်နိုင်ပြီး ထိုပြဿနာကြောင့် ကင်ဆာဆဲလ်များ ရှင်သန်ပျံ့နှံ့ မှု အားကောင်းလာနိုင်ကြောင်း သိရသည်။

သို့ရာတွင် Bezafibrate ခေါ် ကိုလက်စထရောလျှော့ချရေး ဆေးတစ်မျိုးသည် အထက်ပါ ပြဿနာကြောင့် မျိုးဥအိမ်ကင်ဆာရောဂါ ပိုမိုဆိုးရွားလာမှုကို တားဆီးရာတွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။

ရတနာပုံ