တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး မြေပြင်အခြေစိုက် အသံနှုန်းလွန်ဒုံးကျည်ဖြင့်ဦးဆောင်နေကြောင်း ကြေညာ

News Image

  • တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး မြေပြင်အခြေစိုက် အသံနှုန်းလွန်ဒုံးကျည်ဖြင့်ဦးဆောင်နေကြောင်း ကြေညာ

တရုတ်နိုင်ငံဟာ scramjet အင်ဂျင်သုံး ကုန်းမြေအခြေစိုက် အသံနှုန်းလွန်ဒုံးကျည်စနစ်ကို လက်တွေ့အသုံးချနိုင်တဲ့နေရာမှာ အမေရိကန်ကိုကျော်တက်သွားပြီလို့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။ တရုတ်ရဲ့ CJ-1000 ဒုံးကျည်ဟာ ကမ္ဘာ့ပထမဆုံးနဲ့ လက်ရှိမှာတစ်ခုတည်းသော ကုန်းမြေအခြေစိုက် scramjet အသံနှုန်းလွန်ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ ဒီဒုံးကျည်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ စစ်ရေးပြပွဲမှာ သင်္ဘောတင် YJ-19 ဒုံးကျည်နဲ့အတူ ပြသခဲ့တာပါ။

CJ-1000 ဟာ အမြင့်ပေ ၂၀ ကီလိုမီတာမှ ၃၀ ကီလိုမီတာကြားမှာ ပျံသန်းနိုင်လို့ သူ့ကိုထောက်လှမ်းဖို့ အလွန်ခက်ခဲပါတယ်။ scramjet အင်ဂျင်နည်းပညာဟာ တခြားအသံနှုန်းလွန်စနစ်တွေထက် ပိုမိုစွမ်းအားကြီးပေမယ့် တည်ဆောက်ဖို့ ပိုခက်ခဲတာပါ။ အမေရိကန်က ၂၀၁၃ ခုနှစ်ကတည်းက ဒီနည်းပညာကိုစတင်စမ်းသပ်ပေမယ့် စီမံကိန်းရေးဆွဲမှု အားနည်းတာကြောင့် တရုတ်ရဲ့နောက်မှာ ကျန်ရစ်ခဲ့တာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံကကျတော့ နိုင်ငံတော်အဆင့်ထောက်ပံ့မှုနဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေပိုမိုလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

Ref: IE

 ကိုထက်

MWD