ရေနံနဲ့သင်္ဘောလိုင်းတွေကိုကာကွယ်ရေးအတွက် အမေရိကန်ရဲ့ နည်းပညာမြင့်သံမဏိတံတိုင်း
အမေရိကန် ကာကွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ Janus Marine & Defense နဲ့ Raven Defense တို့က အမေရိကန်ပင်လယ်ကွေ့အတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကူးသန်းရောင်းဝယ်ရေးသင်္ဘောလုပ်ငန်းတွေကို ကာကွယ်ဖို့ နည်းပညာမြင့်သံမဏိတံတိုင်းတစ်ခုကို ပူးပေါင်းတည်ဆောက်နေပါတယ်။
ဒီစီမံကိန်းဟာ အမေရိကန်ရေတပ်ရဲ့ တာဝန်တွေကိုလျှော့ချပေးနိုင်ဖို့နဲ့ ကာရေဘီယံဒေသနဲ့ အမေရိကန်ပင်လယ်ကွေ့ တစ်လျှောက်မှာ လုံခြုံရေးအားကောင်းလာစေဖို့ ရည်ရွယ်တာပါ။
သံမဏိတံတိုင်းထဲမှာ အလိုအလျောက် ကင်းလှည့်စနစ်၊ ထောက်လှမ်းရေးစနစ်နဲ့ အဝေးထိန်း စစ်ဆင်ရေးစင်တာတွေ ပါဝင်ပြီး ပင်လယ်ပြင်စွမ်းအင်လုပ်ငန်းတွေမှာကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ အထူးပုံဖော်ထားတာပါ။
ဒီစနစ်က လူမဲ့ရေယာဉ်တွေ၊ ဒရုန်းတွေ၊ အဆင့်မြင့်အချက်ပြထောက်လှမ်းမှု နည်းပညာတွေနဲ့ဆိုက်ဘာလုံခြုံရေး အစီအမံတွေကို အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။
အလိုအလျောက်စနစ်ကို အဝေးထိန်းစနစ်နဲ့ပေါင်းစပ်လိုက်တာကြောင့် အခြေအနေတွေကို ၂၄ နာရီပတ်လုံးအမြဲမပြတ် စောင့်ကြည့်နိုင်မှာ ဖြစ်သလို အရေးပေါ်ကိစ္စတွေ ကြုံလာတဲ့အခါမှာလည်း မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။
Ref: IE
ကိုထက်
MWD
