ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊  ပုသိမ်ပညာ‌ရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့ကို ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ကြည့်ရှုစစ်ဆေး

News Image

  • ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊  ပုသိမ်ပညာ‌ရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့ကို ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁

     ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ဧရာ၀တီတိုင်း ဒေသကြီးစီးပွားရေးရာ၀န်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာ၀တီတိုင်းဒေသ ကြီး ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းသို့ရောက်ရှိပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စု၀န်ကြီးက ဧရာ၀တီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး ကိုအခြေခံသည့်ဒေသဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အများဆုံးတက်ရောက် သင်ကြားလျက်ရှိသည့် တိုင်းဒေသကြီးဖြစ် ကြောင်း၊ လာမည့်ပညာသင်နှစ် (ဇွန်လ) မှစတင်၍ Grade 6 မှ Grade 9 အထိ အလယ် တန်းအဆင့်ကျောင်းသား‌၊ ကျောင်းသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဘာသာ ရပ်များ သင်ကြားပေးနိုင်ရန် သင်ရိုးများကိုပြန်လည်ရေးဆွဲလျက်ရှိကြောင်း၊   ယင်း ဘာသာရပ်များကို သင်ကြားရာတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်  မွေးမြူရေးဘာသာရပ် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက အလယ်တန်းပြဆရာမများကို ဆင့်ပွား သင်တန်းများ ပြန်လည်သင်ကြား‌ပို့ချပေး မည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးနှင့် မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု၀န်ကြီး က လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ယင်းနောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရေးနှင့် ဖွင့်လှစ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အသစ်တည်ဆောက်မည့် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ အဆောက်အအုံနေရာများ၊ Master Plan လက်ရှိနှင့် လျာထားအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်  ဒုတိယ၀န်ကြီးက ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို  တက္ကသိုလ်အဆင့်မြှင့်တင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ပြ‌ည်ထောင်စု၀န်ကြီးက ချီးမြှင့်ငွေများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ကာ စာသင်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူအိပ်‌ဆောင်များနှင့် ကျောင်း၀င်းအတွင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် တာ၀န်ရှိသူများသည် ပုသိမ်တက္ကသိုလ်သို့ရောက်ရှိပြီး ပုသိမ် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ပုသိမ်တက္ကသိုလ် အပန်းဖြေရိပ်သာ တည်ဆောက်နေမှုနှင့် တက္ကသိုလ်ဝင်းအတွင်း  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ \

MWD